Saturday, November 02, 2013

SEA Games ကျင်းပမည့် မန္တလာသီရိ အားကစားကွင်း လုံခြုံရေးကင်မရာ ၂၆ လုံးတပ်ဆင်

Friday, 02 November 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည့် မန္တလေးမြို့တော် ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ စီစီတီဗီ ၂၆ လုံး တပ်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ဆီးဂိမ်း လုံခြုံရေးအတွက် လိုအပ်သည့် နေရာများတွင် လုံခြုံရေးအရ တပ်ဆင်ရန်အတွက် စီစီတီဗီ ကင်မရာများ၊ မိုင်းရှာ ကိရိယာများ၊ စကင်နာစက်များ၊ X-ray စက်များ ဝယ်ယူထားပြီး ဖြစ်ကြောင်း၊ ရဲစခန်းများတွင် လိုအပ်သည့် လုံခြုံရေး ပစ္စည်းများလည်း ဝယ်ယူထားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောဆိုသည်။
မန္တလာသီရိ အားကစားကွင်းသစ်ကြီးတွင် လုံခြုံရေး ကင်မရာများအပြင် မီးဘေးကြိုတင် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများအားလုံး တပ်ဆင်ပြီး ဖြစ်ကြောင်း၊ ယင်းအပြင် ကြိုတင်ကာကွယ်ရေး လေ့ကျင့်မှုများ ကိုလည်း ညနေတိုင်း ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မန္တလာသီရိ အားကစားကွင်းသစ်ကြီးတွင် မြေတွင်း ရေပိုက်ခေါင်း ၁၂ ခု၊ မီးသတ်ရေပိုက်ခွေ ၅၄ ခွေ၊ မီးသတ်ရေပိုက်စင် ၂၁ ခု၊ မီးသတ်ဆေးဘူး ၁၆၀ ခု၊ မီးလှန့် အချက်ပေးကိရိယာ ၃၂ ခု၊ အပူထောက် လှမ်းရေး ကိရိယာ ၂၈ ခု၊ မီးခိုး အချက်ပေး ကိရိယာ ၅၂ ခု တပ်ဆင်ထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေ သကြီး မီးသတ်ဦးစီးဌာနရုံးထံမှ ထပ်မံသိရသည်။
ပြိုင်ပွဲ ကျင်းပနေချိန် အတွင်းတွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနက မီးသတ် အင်အား အလုံအလောက် နေရာချထားပေးမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။
အဆိုပါ အားကစားကွင်းအတွင်း လုံခြုံရေးအင်အားကိုလည်း လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောကြားသည်။
မန္တလေးမြို့လယ်ကောင် ရွှေဘဲ စားသောက်ဆိုင်အနီးတွင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဗုံးတွေ့ရှိမှု၊ အောက်တိုဘာလ ၁၆ ရက်နေ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည့် အပြင် ဗုံးလန့်မှု အများအပြား ဖြစ်ပွားခဲ့သည်။
The Voice Weekly

No comments:

Post a Comment

My Blog List