Wednesday, October 30, 2013

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေး

အောက်တိုဘာ ၃၀ ရက် ၂၀၁၃

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာဖြစ်တဲ့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဘန်ကောက် မြန်မာသံရုံးကပြောပါတယ်။

မြန်မာပြည်ကနေ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MOU နဲ့ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ် ကိုင်နေ သူတွေကို ဒီလ ၂၁ ရက်နေ့ကစတင်ကာ ပုံမှန်နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့ကြောင်းနဲ့ ထိုင်းနိုင်ငံ အတွင်းရောက်ရှိပြီးသား မြန်မာတွေကိုလည်းအလားတူ ထုတ်ပေးဖို့စီစဉ်နေ ပြီဖြစ်ကြောင်း မြန်မာသံအ မတ်ကြီး ဦးတင်ဝင်းက အာဖက်အေကိုပြောပါတယ်။

“မြန်မာနိုင်ငံဘက်ကနေပြီးတော့ MOUနဲ့ လွှတ်တဲ့သူတွေက အဲဒီရက်ကနေစပြီးတော့ ပတ်စပို့စ်အကြီးနဲ့ လွှတ်ပေးနေပြီပေါ့ဗျာ၊ အရင်တုန်းကဆိုရင် ထိုင်းနိုင်ငံဘက်လာရင် သူက temporary ပေါ့ ယာယီနဲ့ပဲ လာတဲ့အနေအထားရှိတယ်၊ အခုက ပတ်စပို့စ်အစစ်နဲ့ လာရမှာပေါ့၊ ထိုင်းနိုင်ငံကိုလာတယ်ဆိုရင်၊ ကျနော်တို့ ဒီဘက်မှာလည်းပဲ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ဟာကို ထုတ်မပေးနဲ့ဆိုပြီးတော့ ကျနော်တို့ကို ညွှန်ကြားထားတယ်၊ သူတို့အနီတွေ(နိုင်ငံကူးလက်မှတ်) ထုတ်ပေးဖို့လုပ်နေတယ်၊ ဘာကြောင့်လည်းဆိုတော့ temporary ထုတ်ပေးမယ် ဆိုရင်ပေါ့နော် ပတ်စပို့စ်အနီ ထုတ်ပေးတဲ့အခါကြရင် အလုပ်သမားတွေ နှစ်ခါကုန်နေမှာပေါ့ဗျာ၊ အဲဒီလို စဉ်းစားပုံရတယ် ကျနော်တို့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေကို ဆိုင်းထားပါပေါ့ဗျာ အမှန်ကတော့ သူကအစစ်ပေးချင်လို့”

ထိုင်းနိုင်ငံအတွင်း ရောက်ရှိပြီးသား မြန်မာအလုပ်သမားတွေကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စီစဉ်ရာမှာ မိမိနိုင်ငံသား ဟုတ်မဟုတ်ဆိုတာကို အသေအချာစိစစ်ဖို့ လိုအပ်တဲ့အတွက် လိုအပ်တဲ့ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေရကြောင်းလည်း သူကပြောပါတယ်။ လက်ရှိမှာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို MOU နဲ့ လာရောက် အလုပ်လုပ်ကိုင်နေသူ ၄ သောင်းကျော်ရှိပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူနဲ့ လျှောက်ထားသူတွေက စုစုပေါင်း ၁ သန်း ၇ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

My Blog List