Thursday, October 31, 2013

တိုင်းဧရာက သိပါတယ်

အေကာက်တိုဘာ ၃၁ ရက် ၂၀၁၃။

အောက်တိုဘာ ၂၄ ရက်နေ့က ဦးရွှေမန်းအနေနဲ့ လွှတ်တော်အဆောက်အဦထဲမှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ “မိမိသော် လည်းကောင်း၊ မိမိမိသားစုအတွက်သော်လည်းကောင်း တာဝန်ယူတယ်၊ စီးပွါးရေးကိစ္စနဲ့ ပတ်သတ်ပြိး အချိန်မရွှေး အစစ်ခံ နိုင်တယ် ၊အချိန်မရွေးလာရောက် လေ့လာနိုင်ပါတယ်” လို့ ပြောခဲ့တယ်နော်။ Eleven Media အင်တာနက်စာမျက်နှာမှာ ဦးရွှေမန်းကိုယ်တိုင် အဲဒီလိုပြော ခဲ့တဲ့ စကားတွေအကြောင်း သတင်းရေးထားတာကိုလည်း ဖတ်လိုက်ရတယ်။တော်တော်လေးကို လူပြော သူပြောများသွားတဲ့ သတင်းဖြစ်သွား တာကိုး။ ဦးရွှေမန်းအနေနဲ့ ပြည်သူတွေရဲ့ သုံးသပ်ချက် Comment တွေ ကိုဖတ်ကြည့်သင့်တယ်။မဖတ်ဝံ့လို့ မဖတ်ဖြစ်ရင်တော့ မသိပေါင်၊ တကယ်လို့ ဖတ်ပြီးပြီ ဆိုရင်လည်း ရှက်တတ်တဲ့စိတ် ကလေးရှိရင်တော့ လဲသာသေ ဖို့ကောင်းနေပြီနော်။

 အပြောမှာ ရွှေမန်း
တကယ်တော့ ဦးရွှေမန်းရယ် ၊ ယူနီဖောင်းကြီးဝတ်တုန်းက ပျော့ပျော့လေးနဲ့နံခဲ့တာတွေကို ဘယ်လိုဖုံး ဖိထားမှာလဲ။ ဦးရွှေမန်း သားတွေ ရမ်းချင်တိုင်းရမ်းခဲ့တာတွေ အတွက်ရော အစစ်ခံ တာဝန်ယူ/ တာဝန်ခံနိုင်ရဲလား။ “ကလေးတွေ အတွက်လည်း ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ်” အပြောလေးနဲ့ ၀မ်းချမယ့်ပျားရည်တွေ မတိုက်ပါနဲ့လား။ “အပြောမှာတော့ ရွှေမန်း” ဆိုတဲ့ စကား လွှတ်တော် ဥက္ကဌကြီးအတွက် များ ဖြစ်ခဲ့သလား။ဦးရွှေမန်းကြီး တိုင်းမှူးဘ၀က ဘာတွေလုပ်ခဲ့သလဲဆိုတာ ဧရာဝတီတိုင်းက လယ်သမားတွေ သိတယ် ။ လယ်/ဆည် က ၀န်ထမ်းတွေ ၊မြေစာရင်းက ၀န်ထမ်းတွေသိတယ်။ အဖေက မြေသိမ်းပေးပြီး သားတွေထောင်တဲ့ ကုမ္ပဏီတွေနဲ့ လုပ်စားတယ် ။ရောင်းစားတယ်။ ကျုပ်တို့ရဲ့ လယ်ကွက်တွေ၊ စိုက်ခင်းတွေ.. ဒါတွေကို နိုင်ငံတော်ဆိုတဲ့ စကားလုံးနဲ့ကိုင်ပေါက်၊အတင်းလုယူပြီး သားတွေရဲ့ ကုမ္ပဏီတွေ၊ ခမည်း ခမက်ကြီးရဲ့  လုပ်ပိုင်ခွင့်တွေထဲ အကုန်သွန်ချပေးခဲ့တာတွေ မေ့ပစ်ပြီလား။ လိပ်ပြာ လုံပြီလား။ ကျုပ်တို့ ဧရာဝတီတိုင်းရဲ့ ချွေးတွေ ဘ၀တွေကို ဦးရွှေမန်းတို့မိသားစုဘ၀ကြီးသာယာဖို့ အရင်း အနှီးဖြစ်ခဲ့ရတယ်။ သူ့နောက်မှ တတ်လာတဲ့ သူရမြင့်အောင်ကိုလည်း သူ့သြဇာမခံလို့ဆိုပြီး ဂွင်ထောင် အပိုင်ကိုင်ပြီး ဖြုတ်ပစ်လိုက်တာလည်း အားလုံးသိတယ် ။ သူရမြင့်အောင်ကို စီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး တိုင်းရံပုံငွေ လုပ်ခိုင်းတာကို သူရမြင့်အောင်က မလုပ်နိုင်ဘူးဆိုလို့ အငြိုးတကြီးနဲ့ ဖြုတ်/ထုတ် လုပ်ပစ်ခဲ့တယ်။


သူရမြင့်အောင်ကို ဖြုတ်ချ အပြီး အခုတော့.. ဦးသိန်းစိန်ကို ဒေါက်ဖြုတ် ဖို့ကြံနေပြန်ပြီ။ပြည်သူတွေ ချစ်တဲ့ ဦးသိန်းစိန် ကို ဒုက္ခအမျိုးမျိုးပေး ၊နောက်ဆုံး ပက်စက်တဲ့အကြံနဲ့ စစ်တပ်ကို စေတနာရှိသလိုလိုနဲ့ လစာတိုး ဖို့ပြောပေး၊ ဦးသိန်းစိန်က လောလောဆယ် မဖြစ်နိုင်ပြောတော့ စစ်တပ်နဲ့တိုက်ပေး၊စစ်တပ်က ဘာမှ မဖြစ်တော့ ဒေါ်စုနဲ့ ပေါင်းသွားပြန် ပါရောလား။ ဒေါ်စုသမ္မတဖြစ်အောင်ပဲ ကူညီပေးမလိုလိုနဲ့ ပြည်သူလူထု နားထဲ အပျော့ဆွဲ စကားလုံးတွေနဲ့ လူတွင်ကျယ်ဇာတ် ၀င်ခင်းနေပြန်ပြီ။ အကယ်၍ ကိုယ်တိုင် သမ္မတ မဖြစ်ရင်တောင် ဒေါ်စု သမ္မတဖြစ်ခဲ့ ရင် ဒုသမ္မတတော့ ဖြစ်နိုင်ကောင်းရဲ့ ဆိုပြီးများ ဆင်ကြံကြံနေသလား သမ္မတဖြစ်ချင် လွန်းနေတဲ့ ဦးရွှေမန်းရေ။ အတိတ်ကို ပြန်ကြည့်ဦးဗျ။ ပြည်သူကို ချစ်တယ်။ အမျိုးကို ချစ်တယ် ဆိုပြီး အမျိုးတွေ၊ သားသမီးတွေ ကြီးပွါးသွားအောင်လုပ်ခဲ့တာတောင်၊ ကျုပ်တို့ ဧရာဝတီ တိုင်းကြီး တစ်ခုလုံးကို  အိပ်ကပ်ထဲလိုသလို ထည့်ပြီး တာတောင် မကျေနပ်လို့ မြန်မာတစ်နိုင်ငံလုံးကို အိတ်ထဲထပ်ထည့်ဖို့ ကြံစည် နေသလား။ ကျုပ်တို့ နင်းပြားတွေ နဲ့ ကော်လံပြာ လူတန်းစား တွေကတော့ ဦးရွှေမန်း နိုင်ငံရေး ဇာတ်ခုံပေါ် တတ်မကခင် ခွန်းထောက်လေး ရွတ်ပြရုံနဲ့ ဘယ်လိုခြေထိုး၊ ဘယ်လိုလက်ကွက်နဲ့ ကမယ်ဆိုတာ ကြိုမြင်နေပါ့ဗျား။။ နိုင်ငံရေးလောကမှာ Sorry ပါဆိုတဲ့ စကားပြော လာပြီဆိုရင်တော့ အတော်နောက်ကျနေတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ကာ အချိန်လွန်မှ ပြောရ/ ကြားရမယ့် စကားတစ်ခွန်းကို မလိုလားလို့ ဇာတ်လမ်း မစခင် ကတည်းက ကြိုပြီးတော့ သာ ပြောလိုက်ချင်ပါတယ်။


“တိုင်းဧရာက သိပါတယ်….. ဦးရွှေမန်းရေ ”

ငသိုင်းချောင်းသား

No comments:

Post a Comment

My Blog List