Friday, November 01, 2013

သမ္မတက တစ်ရက်ကို လေးကြိမ် မိန့်ခွန်းပြောဖို့ရှိ

  နိုဝင်ဘာ ၁ ရက် ၂၀၁၃။
လာမယ့် ​နောက် ​၃ ​ရက်တာ ​နိုဝင်ဘာလ ​၁ရက်၊ ​၂ရက် ​နဲ့ ​၃ရက်နေ့တွေမှာ ​မြန်မာ ​သမ္မတ ​ဦးသိန်းစိန်က ​ရေဒီယိုအသံလွှင့်ဌာတွေကနေ ​တဆင့် ​တစ်ရက် ​လေးကြိမ်စီ ​မိန့်ခွန်းပြောကြားသွားဖို့ ​ရှိတယ်လို့ ​နိုင်ငံတော်သမ္မတရုံးက ​ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာသမ္မတဦးသိန်စိန်ဟာ ​၂၀၁၃ ​ခုနှစ် ​ဇန်န၀ါရီ ​(၁)ရက်နေ့က ​စပြီး ​လစဉ်လဆန်းပိုင်းတွေမှာ ​အသံလွှင့် ဌာနတွေ ​ကနေတဆင့် ​တလကို ​တခါ ​မိန့်ခွန်းတွေ ​ပြောကြားလေ့ရှိပေမယ့် ​အခုလို ​၃ ​ရက် ​ဆက်တိုက် ​တနေ့ကို ​၄ ​ကြိမ် ​ပြောဆိုမှုမျိုးကတော့ ​ဒီတကြိမ်ဟာ ​ပထမဆုံး ​အကြိမ် ​ဖြစ်ပါတယ်။

မြန်မာသမ္မတရဲ့ ​မိန့်ခွန်းတွေဟာ ​လက်တွေ့မကျဘူးလို့ ​ဝေဖန်သူတွေများပေမယ့် ​တချို့ကတော့ ​ဒါဟာ ​အရင် ​စစ်အစိုးရ ​လက်ထက်တုန်းက ​ပြည်သူတွေကို ​ဘာမှအသိမပေးတာထက်စာရင် ​အခုလို ​လုပ်ရပ်ဟာ ​အများကြီး ​တိုးတက်လာတယ်လို့ ​မှတ်ချက်ပြုသူတွေလည်း ​ရှိနေပါတယ်။ 
လက်ရှိ ​ကျင်းပနေတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်များ ​ညီလာခံနဲ့ ​ဆိုင်တဲ့ ​အပစ်အခတ်ရပ်စဲရေးနဲ့ ​ထာဝရ ​ငြိမ်းချမ်းရေးနဲ့ ​ပတ်သတ်ပြီး ​ဘယ်လို ​ရှေ့ဆက်ဆောင်ရွက်မလဲ ​ဆိုတာတွေကိုလည်း ​မိန့်ခွန်းထဲမှာ ​ထည့်သွင်းပြောဆိုချင်တယ်လို့ ​ပြည်သူအချို့က ​ပြောပါတယ်။
လာမယ့် ​၂၀၁၅ ​ရွေးကောက်ပွဲနဲ့ ​ပတ်သက်ပြီး ​လွှတ်တော်ဥက္ကဌ ​သူရဦးရွှေမန်းရဲ့ ​ပြောကြားချက်ကို ​ကိုယ်တိုင်တုန့်ပြန်မယ်လို့ ​သမ္မတက ​ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ​ပြောကြားခဲ့တာကြောင့် ​ရွေးကောက်ပွဲ ​ကိစ္စ ကိုလည်း ​ဒီတကြိမ် ​မိန့်ခွန်းထဲမှာ ​ထည့်သွင်း ​ပြောဆိုနိုင်တယ်လို့ ​တချို့က ​မျှော်လင့်နေကြပါတယ်။
 မြန်မာ သမ္မတရဲ့ မိန့်ခွန်းတွေကို မြန်မာအသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံ၊ သဇင်အသံလွှင့် ဌာနတွေကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပြီး နံနက် ၇နာရီ၊ နေ့လည် ၁၁နာရီ၊ ညနေ ၆နာရီ နဲ့ ည ၈ နာရီ အချိန်တွေမှာ ဖမ်းယူနားဆင်နိုင်ပါတယ်။
မြန်မာသမ္မတဦးသိန်စိန်ဟာ ​၂၀၁၃ ​ခုနှစ် ​ဇန်န၀ါရီ ​၁ရက်နေ့က ​စပြီး ​လစဉ်လဆန်းပိုင်းတွေမှာ ​အသံလွှင့် ဌာနတွေကနေတဆင့် ​မိန့်ခွန်းများ ​ပြောကြားခဲ့ပြီး ​သင်္ကြန်ကာလ ​နှစ်ကူးဆုမွန်တောင်းစကား ​အပါအ၀င် ​ဒီနှစ် ​အတွင်းမှာ ​မိန့်ခွန်းပြောကြားတာ ​၁၁ ​ကြိမ် ​ရှိသွားပြီး ​ဖြစ်ပါတယ်။
ABC

No comments:

Post a Comment

My Blog List