Friday, November 01, 2013

ကချင်နိုင်ငံရေးပါတီတခုကို အစိုးရက မှတ်ပုံတင်ခွင့်ပေး

  နိုဝင်ဘာ ၁ ရက် ၂၀၁၃။
ကချင်ပြည်နယ်​ ဒီမိုကရေစီပါတီကို ​မြန်မာအစိုးရက​မှတ်ပုံ တင်ခွင့်ပြုလိုက်တဲ့အပေါ်​ ပါ တီခေါင်းဆောင် ​ဒေါက်တာ ​မနန်းတူးဂျာက ​ကြိုဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ​ဒီမိုကရေစီပါတီဟာ ​၂၀၁၀ ​ပြည့်နှစ် ​ရွေးကောက်ပွဲနဲ့ ​၂၀၁၂ ​ခုနှစ် ​ရွှေးကောက်ပွဲမှာ ​ဝင် ရောက်ယှဉ်ပြိုင်ဖို့အတွက် ​မှတ်ပုံတင်ခဲ့ပေမယ့် ​နှစ်ကြိမ်စလုံး ​ပယ်ချခံရပြီးမှ ​ခုလို ​မှတ်ပုံတင် ခွင့် ​ပြုလိုက်တာ ​ဖြစ်ပါတယ်။

ဒေါက်တာ ​မနန်းတူးဂျာဟာ ​ကချင်ကေအိုင်အိုအဖွဲ့ရဲ့ ​ဒုဥက္ကဌဟောင်း ​ဖြစ်တဲ့အတွက် ​အစိုးရက ​မှတ်ပုံတင် ခွင့် ​မပေးတာလို့လည်း ​ပြောဆိုခဲ့ကြပါတယ်။
ခုလို ​မှတ်ပုံတင်ခွင့်ပေးလိုက်တဲ့ ​ကိစ္စနဲ့ပတ်သက်ပြီး ​ဒေါက်တာတူးဂျာက ​မြန်မာအစိုးရကနေ ​ငြိမ်းချမ်းရေး ​ဆွေးနွေးမှုမှာ ​အားလုံးပါဝင်ကြဖို့ ​တိုက်တွန်းလေ့ရှိကြောင်း ​ပြီးတော့ ​ခုလို ​နိုင်ငံရေးပါတီ ​တည်ထောင်ခွင့် ပေးလိုက်တဲ့အတွက် ​ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ​ပါဝင်လာနိုင်တော့မှာ ​ဖြစ်တယ်လို့ ​ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။
ကချင်ပြည်နယ် ​ဒီမိုကရေစီပါတီကို ​မှတ်ပုံတင်ခွင့် ​ပေးလိုက်တဲ့အချိန်ဟာ ​ကချင်ဌာနချုပ် ​လိုင်ဇာမှာ ​ကျင်းပ နေတဲ့ ​တိုင်းရင်းသားလက်နက်ကိုင် ​ခေါင်းဆောင်များ ​ညီလာခံ ​ကျင်းပချိန်နဲ့ ​တိုက်ဆိုင်နေပါတယ်။
အဲ့ဒါအပြင် ​မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​ကချင်အဖွဲ့တို့ ​နိုဝင်ဘာလ ​သုံးရက်နေ့မှာ ​အပစ်အခတ် ရပ်စဲရေး ​ဆွေးနွေးမှုလုပ်ဖို့ ​အချိန်နဲ့လည်း ​ကိုက်ညီနေပါတယ်။
ABC

No comments:

Post a Comment

My Blog List