Wednesday, October 30, 2013

စစ်ရေးဆက်ဆံမှု အမေရိကန်အမတ် သတိပေး

အောက်တိုဘာ ၃၀ ရက် ၂၀၁၃
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်ဆိုပေမယ့် လူ့အခွင့်အရေးအခြေ အနေတွေ ဆိုးဝါးနေဆဲ ဖြစ်တဲ့အတွက် မြန်မာအစိုးရဖက်က ပေးထားတဲ့ကတိတွေ၊ သဘောတူညီ ချက်တွေကို အပြည့်အဝမရမချင်း အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးကို အပြည့်အဝ မထူထောင်သင့်ဘူးလို့ အမေရိကန် ရီပတ်ပလင်ကန်ပါတီ အောက်လွှတ်တော်အမတ် Mr. Steve Chabot က ပြောလိုက်ပါတယ်။
အိုဘားမားအစိုးရဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စကို မျက်ကွယ်ပြုထားသလို၊ အလေးထားဆောင်ရွက်မှုလဲမရှိဘူးလို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မ လွတ်သေးသလို၊ ပြစ်ဒဏ်ချမှတ်ထားတဲ့နှစ်ကာလ မပြည့်ခင် လွတ်မြောက်လာခဲ့တဲ့သူတွေဟာလဲ နောက် တစ်ကြိမ်ထပ်မံကျူးလွန်ရင် ကျန်ရှိတဲ့ပြစ်ဒဏ်တွေကို ပြန်လည်ကျခံရမယ်ဆိုတဲ့ ချွင်းချက်အောက် မှာ နေကြရပါတယ်၊ လယ်သိမ်းယာသိမ်းကိစ္စတွေလဲ အမြောက်အများရှိနေသလို၊ ခရို နီတွေနဲ့ အာဏာ ပိုင်တွေရဲ့ အသိုင်းအဝိုင်းတွေကလဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေမှာပါဝင်နိုင်ဖို့ ကြိုးစားနေကြပါတယ် လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် တိုးတက်ကောင်းမွန်လာဖို့ ကာလရှည် ကြာဦးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် အခြေအနေတွေ ပိုမိုကောင်းမွန်လာအောင် အမေရိ ကန်ပြည်ထောင်စုအနေနဲ့ အတတ်နိုင်ဆုံး အစီအစဉ်တကျ ပံ့ပိုးကူညီရမှာဖြစ်ပါတယ်လို့ လည်း ပြောခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၊ US CB မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့နဲ့ Heritage Foundation က အရာရှိတွေ ပါဝင်ဆွေးနွေးခဲ့ကြပြီး အခြားအဖွဲ့အစည်းတွေနဲ့ ပညာရှင်တချို့လည်း တက်ရောက်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List