Sunday, January 13, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် ရွေးချယ်ရန် ပြည်သူများ တောင်းဆို

Photo: ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် ရွေးချယ်ရန်
ပြည်သူများ တောင်းဆို
Saturday, January 12, 2013

ယနေ့ ညနေ ၃ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်
ပြည်သူများ၏ ဆန္ဒ တစ်စုံတစ်ရာ မပါရှိဘဲ ခေါက်ရိုးကြိုးနေသည့် ယခင် ခေတ်ပုံစံအတိုင်း ရွေးချယ်တင်မြှောက်ခဲ့သည့် အတွက် အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် သင်္ဃန်းကျွန်းမြို့နယ်တွင် စီတန်းလှည့် လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုအား ဆကရပ်ကွက်၊ ရတနာမဉ္ဇူလမ်းတွင် ပြုလုပ်ကြောင်း သိရပြီး ရပ်ကွက်တွင်းနေထိုင်သူ
၁၅၀ ခန့်က ပါဝင်ပူးပေါင်းခဲ့ကြောင်းနှင့် ညနေ ၄ နာရီအချိန်ခန့်တွင် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးသွားကြောင်း သိရသည်။

ယခုရွေးချယ်ခြင်းခံရသော သင်္ဃန်းကျွန်းမြို့နယ်၊ ဆက ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပင်ဖြစ်ပြီး ရပ်ကွက် ကောင်းရာကောင်းကြောင်း တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် ယခုအခါ ပြည်သူများ၏ ဆန္ဒ မပါဘဲ ထပ်မံရွေးချယ် ခဲ့သောကြောင့် ရပ်ကွက်သူရပ်ကွက်သားများက မကျေနပ်ဘဲ ရပ်ကွက် ကောင်းရာကောင်းကြောင်း၊ ဆောင်ရွက်မည့်သူကို
ပြန်လည်ရွေးချယ် တင် မြှောက်နိုင်ရန်အတွက် ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း ရပ်ကွက်သားတစ်ဦးဖြစ်သူ ဦးညွန့်ဝေက
ပြောကြားသည်။

“အုပ်ချုပ်ရေးမှူးကို မကျေနပ်တာ၊ ကြီးကျပ်ရေးမှူးတွေကလည်း တရားမျှတမှု မရှိဘူး၊ ကွင်းဆင်းလေ့လာမှုလည်း မရှိခဲ့ဘူး၊ ဆယ်အိမ်စုမှူး တွေကိုလဲ သူတို့ စိတ်ကြိုက်ရွေးသွားတာ၊ ဘယ်သူ့သဘောထားကိုမှ မတောင်းခံခဲ့ဘူး'' ဟု ဆန္ဒဖော်ထုတ်ခဲ့သူ တစ်ဦးဖြစ်သူ ဦးအေးစိုးက ပြောကြားသည်။

“အုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ပေးရန်”၊ “တတိယအဆင့်
အုပ်ချုပ်မှုစနစ် အပြောင်းအလဲကို တိကျစွာ ဖော်ဆောင်ပေးရန်”၊ “အများအကျိုး မသယ်ပိုးနိုင်သည့် ကြီးကျပ်ရေးမှူး (၅)ဦး အလိုမရှိ” စသည်ဖြင့် ဆိုင်းဘုတ် ၇ ခုဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများအပေါ် မကျေနပ်မှုများသည်
နေရာဒေသ အများအပြားတွင် ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများစု၏ ဆန္ဒတစ်စုံတရာမပါရှိဘဲ ရွေးချယ်မှုများပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ကန့်ကွက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ရပ်ကွက်ကောင်းကျိုးဆောင်ရွက်မည့်
မည်သူ့ကိုမဆို လက်ခံသွားမည်ဖြစ်ပြီး ရပ်ကွက်အတွက် ကောင်းကျိုး မပြုလုပ်ခဲ့သည့် လက်ရှိအုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း၊
ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းအားဖြင့် အုပ်ချုပ်ရေးမှူးကို အများဆန္ဒဖြင့် ပြန်လည်ရွေး ကောက်သွားနိုင်ရန် ရည်ရွယ်ကြောင်း ဦးညွန့်ဝေမှ ဆက်လက်ပြောကြားသည်။

ဝေယံ
The Myanma Ageယနေ့ ညနေ ၃ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်   ပြည် သူ များ၏ ဆန္ဒ တစ်စုံတစ်ရာ မပါရှိဘဲ ခေါက်ရိုးကြိုးနေသည့် ယခင် ခေတ်ပုံစံအတိုင်း ရွေးချယ်တင်မြှောက်ခဲ့သည့် အတွက် အုပ် ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ပေးရန် သင်္ဃန်းကျွန်းမြို့နယ်တွင် စီ တန်းလှည့် လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုအား ဆကရပ်ကွက်၊ ရတနာမဉ္ဇူလမ်းတွင် ပြုလုပ်ကြောင်း သိရပြီး ရပ်ကွက်တွင်းနေထိုင်သူ
၁၅၀ ခန့်က ပါဝင်ပူးပေါင်းခဲ့ကြောင်းနှင့် ညနေ ၄ နာရီအချိန်ခန့်တွင် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးသွားကြောင်း သိရသည်။ ယခုရွေးချယ်ခြင်းခံရသော သင်္ဃန်းကျွန်းမြို့နယ်၊ ဆက ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ယခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပင်ဖြစ်ပြီး ရပ်ကွက်ကောင်း ရာကောင်းကြောင်း တစ်စုံ တစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် ယခုအခါ ပြည်သူများ၏ ဆန္ဒ မပါဘဲ ထပ်မံရွေးချယ် ခဲ့သောကြောင့် ရပ်ကွက်သူရပ်ကွက်သားများက မကျေနပ်ဘဲ ရပ်ကွက် ကောင်း ရာကောင်းကြောင်း၊ ဆောင်ရွက်မည့်သူကိုပြန်လည်ရွေးချယ် တင် မြှောက်နိုင်ရန်အတွက် ဆန္ဒဖော်ထုတ် ရခြင်းဖြစ်ကြောင်း ရပ်ကွက်သား တစ်ဦးဖြစ် သူ ဦးညွန့်ဝေကပြောကြားသည်။

“အုပ်ချုပ်ရေးမှူးကို မကျေနပ်တာ၊ ကြီးကျပ်ရေးမှူးတွေကလည်း တရားမျှတမှု မရှိဘူး၊ ကွင်းဆင်းလေ့ လာမှုလည်း မရှိခဲ့ဘူး၊ ဆယ်အိမ်စုမှူး တွေကိုလဲ သူတို့ စိတ်ကြိုက်ရွေးသွားတာ၊ ဘယ်သူ့သဘောထားကိုမှ မတောင်းခံခဲ့ဘူး'' ဟု ဆန္ဒဖော်ထုတ်ခဲ့သူ တစ်ဦးဖြစ်သူ ဦးအေးစိုးက ပြောကြားသည်။

“အုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ပေးရန်”၊ “တတိယအဆင့်အုပ်ချုပ်မှုစနစ် အပြောင်းအလဲကို တိကျ စွာ ဖော်ဆောင်ပေးရန်”၊ “အများအကျိုး မသယ်ပိုးနိုင်သည့် ကြီးကျပ်ရေးမှူး (၅)ဦး အလိုမရှိ” စသည်ဖြင့် ဆိုင်းဘုတ် ၇ ခုဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများအပေါ် မကျေနပ်မှုများသည်နေရာဒေသ အများအပြား တွင် ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူအများစု၏ ဆန္ဒတစ်စုံ တရာမပါရှိ ဘဲ ရွေးချယ်မှုများပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ကန့်ကွက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ရပ်ကွက်ကောင်းကျိုးဆောင်ရွက်မည့်မည်သူ့ကိုမဆို လက်ခံသွားမည်ဖြစ်ပြီး ရပ်ကွက်အတွက် ကောင်းကျိုး မပြုလုပ်ခဲ့သည့် လက်ရှိအုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း၊ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းအားဖြင့် အုပ်ချုပ်ရေးမှူးကို အများဆန္ဒဖြင့် ပြန်လည်ရွေး ကောက်သွားနိုင်ရန် ရည်ရွယ်ကြောင်း ဦးညွန့်ဝေမှ ဆက်လက်ပြောကြားသည်။

ဝေယံ
The Myanma Age

No comments:

Post a Comment

My Blog List