ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ဆင်းသက်လိုက်ရတဲ့ ဂျပန် ANA လေကြောင်းရဲ့ ဘိုးအင်း ၇၈၇ (Dreamliner) လေယောဉ်ကိစ္စကြောင့် ဂျပန်၊ အိန္ဒိယ နဲ့ ချီလီ နိုင်ငံတွေက သူတို့ရဲ့ ဘိုအင်း ၇၈၇ လေယာဉ်အားလုံးကိုလေယာဉ်ဘက်ထရီပြဿနာ ပြုပြင်ပြီးတဲ့အထိ ပျံသန်းမှုရပ်ထားလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်လေကြောင်းအုပ်ချုပ်ရေးဌာန FAA က အရေးပေါ်ဆင်းလိုက်ရတဲ့ လေယာဉ်ကို စုံစမ်းစစ်ဆေးရာမှာ လေယာဉ်ဘက်ထရီ ကနေ မီးလောင်နိုင်တဲ့ အန္တရာယ်ကို တွေ့ရကြောင်း ဆိုပါတယ်။
ယခုလိုဖြစ်ရပ်ကြောင့် ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဘိုးအင်း ၇၈၇ အစီးရေ ၅၀ စီးထဲမှာ ၃၉ စီးက ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ဘိုအင်း ၇၈၇ ရဲ့ ဘက်ထရီတွေဟာ ဂျပန်နိုင်ငံ GS Yuasa ကုမ္ပဏီမှ ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုပြဿနာက ဘက်ထရီကြောင့်လား တခြား လျှပ်စစ်ပိုင်းဆိုင်ရာကြောင့်လား ဆိုတာ သေချာကွဲပြားစွာ မသိရှိရသေးကြောင်း GS Yuasa ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးက ကာကွယ်ပြောသွားပါတယ်။
(Channel News Asia, Jan 17, 2013)Myanmar1

No comments:
Post a Comment