
အစီအစဉ် အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်၊ ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်တို့မှ ပင့်သံဃာတော် ၁ဝ၈ ပါးနှင့် ဖိတ်ကြား ထားသည့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ရပ်ကွက်ပေါင်း ၂၆ ရပ်ကွက်မှ အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်နှင့် ရပ်ကွက် သာသနာ နုဂ္ဂဟ အသင်းသားများ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့၊ ဘုရားကြီး ဂေါပက အဖွဲ့နှင့် အလှူရှင်များ၊ ဥပါသကာ၊ ဥပါသိကာ များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် သံဃ နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တေဇနိယ ဉာဏထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော် များက ပရိတ် တရားတော်များ ရွတ်ဆို ချီးမြှင့်ခြင်း၊ ဥက္ကဋ္ဌ ဆရာတော်က အနု မောဒနာ ရေစက်ချ တရား ချီးမြှင့်ခြင်း၊ ထို့နောက် ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ စေတီတော် ဘုရားကြီး၏ ရင်ပြင်ပတ်လည် တစ်လျှောက်တွင် ဌာန ဆိုင်ရာများ၊ ရပ်ကွက် အသီးသီးရှိ အုပ်ချုပ် ရေးမှူးများနှင့် ရပ်မိ ရပ်ဖများ၊ လူမှုရေး၊ ဘာသာရေး အသင်း အဖွဲ့ အလှူရှင် များက ပင့်သံဃာတော် ၁ဝ၈ ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများကို လောင်းလှူကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment