Tuesday, January 15, 2013

၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ တွေ့ဆုံဆွေးနွေး

Photo: ၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ တွေ့ဆုံဆွေးနွေး

Tuesday, 15 January 2013

ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၅ ရက် ) ဒေသစံတော်ချိန် နံနက် ၁၀း ၀၀ နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်တပ်မတော် ဌာနချုပ်သို့ ရောက်ရှိခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ အစည်းအဝေးခန်းမတွင် Commanding General , Lt. General Emmanuel T Bautista အပါအ၀င် ဖိလစ်ပိုင် တပ်မတော်အရာရှိကြီးများနှင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီးက တက်ရောက်လာကြသူ တစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ Secretary Army General Staff ဖြစ်သည့် Col. Gilbert I Gapay က ရှင်းလင်းတင်ပြခဲ့သည်။ ယင်းတင်ပြချက်များအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ ပြန်လှန်မေးမြန်းချက်များကို ဖိလစ်ပိုင်တပ်မတော်၏ သက်ဆိုင်ရာဌာန အသီးသီးမှ တပ်မတော်အရာရှိကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်က နှုတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင် တပ်မတော်မှ Lt. General Emmanuel T Bautista က နှုတ်ဆက်စကား ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားကို နံနက် ၁၂း ၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။

88 Generation Studentsဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၅ ရက် ) ဒေသစံတော်ချိန် နံနက် ၁၀း ၀၀ နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်တပ်မတော် ဌာနချုပ်သို့ ရောက်ရှိခဲ့ကြပြီး ကာကွယ်ရေး ဦးစီး ချုပ်ရုံးရှိ အစည်းအဝေးခန်းမတွင် Commanding General , Lt. General Emmanuel T Bautista အပါအ၀င် ဖိလစ်ပိုင် တပ်မတော် အရာရှိကြီးများနှင့်တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီးက တက်ရောက်လာကြသူ တစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ Secretary Army General Staff ဖြစ်သည့် Col. Gilbert I Gapay က ရှင်းလင်းတင်ပြခဲ့သည်။ ယင်းတင်ပြချက်များအပေါ် ၈၈မျိုးဆက်ကျောင်းသား များ၏ ပြန်လှန်မေးမြန်းချက်များကို ဖိလစ်ပိုင် တပ်မတော်၏ သက်ဆိုင်ရာဌာန အသီးသီးမှ တပ်မတော် အရာရှိကြီးများနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့က ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင် က နှုတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင် တပ်မတော်မှ Lt. General Emmanuel T Bautista က နှုတ်ဆက်စကား ပြန်လည်ပြောကြားခဲ့သည်။တွေ့ဆုံပွဲ အခမ်း အနားကို နံနက် ၁၂း ၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။

88 Generation Students

No comments:

Post a Comment

My Blog List