Tuesday, January 15, 2013

EIEVEN MECIA GROUP WESITE စာမျက်နှာအား Red-army Team မှ တိုက်ခိုက်လိုက်ခြင်း

EMG အား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၄(ဃ)စည်းကမ်းဖောက်ဖျက်
သဖြင့် Red Army Team မှ သတိပေးထားလိုက်ပါသည်။
  ၃၄။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်  ထိုသူအား ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် - 

 (ဃ) အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေ ရန်ဖြစ်စေ သတင်းအချက် အလက်ကို အီလက်ထရော နစ်နည်း ပညာဖြင့် ပြု လုပ်ခြင်း၊   ပြုပြင်ခြင်း၊ သို့မ ဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်း လဲခြင်း ပြုလုပ် ထား   သည့် သတင်း အချက်အလက်ကို ဖြန့်ချိခြင်း၊
Eleven Media Group သည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေး ဥပဒေပုဒ်မ ၃၄(ဃ) တွင် ပြဌာန်းထားချက်အရ လက်ရှိ အစိုးရအဖွဲ့မှ အရေးယူခြင်း မရှိသည့်အတွက် Red-army Team မှ သတိပေးဆုံးမလိုက်သည်ဟု ပါရှိပါသည်။

အထက်ပါစာနှင့်တကွ eleven media group အား အစိုးရအားအပုပ်ချခြင်း၊ ကချင်အကြမ်း ဖက်သောင်းကျန်း သူများဘက်မှ ဘက်လိုက်ရေးသားခြင်း စသော စတုတ္ထမဏ္ဍိုင် မပီသသော လုပ်ရပ် များကြောင့် Red Army အဖွဲ့မှ သတိပေးတိုက်ခိုက်လိုက်သဖြင့် eleven website down နေခြင်းအား ၁၅ ရက်နေ့ နေ့လည် ၃ နာရီ ၁၅ ခန့် မြင်တွေ့ရပုံဖြစ်သည်။

Myanmar Daily Star Group

 

No comments:

Post a Comment

My Blog List