Tuesday, January 15, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ GARDENS BY THE BAY သို့ သွားရောက် လည်ပတ်ခြင်း

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ GARDENS BY THE BAY သို့ သွားရောက် လည်ပတ်ခြင်း

Tuesday, 15 January 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူ သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Neo Kian Hong ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဒေသ စံတော်ချိန် မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် စင်ကာပူ သမ္မတ နိုင်ငံ ချန်ဂီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ စင်ကာပူ တပ်မတော်မှ Brigadier general Tung Yui Fai, Cos-Gs ၊ စင်ကာပူ သမ္မတ နိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သံအမတ်ကြီး ဦးတင်ဦးလွင် နှင့်ဇနီး၊ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဝင်းမောင် နှင့်ဇနီး၊ မြန်မာ နိုင်ငံ ဆိုင်ရာ စင်ကာပူ စစ်သံမှူး Col. Chwa Boon Keat နှင့် ဇနီး၊ တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ် စားလှယ် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် Gardens by the Bay သို့ သွားရောက် လည်ပတ် ကြပြီး Flower Dome, Cloud Forest , Canopy ပြခန်းများအား လှည့်လည် ကြည့်ရှု ခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List