
၂ဝ၁၁ခုနှစ်ရဲ့ အကယ်ဒမီဆုနဲ့ လွဲခဲ့ပေမယ့်လည်း ပရိသတ် ကြီးတွေပေးတဲ့ ဆုကို ရရှိခဲ့တဲ့ အတွက် တအားဝမ်းသာကြောင်း သက်မွန်မြင့် က ပြောပါ တယ်။ သက်မွန်မြင့်ကို အကယ်ဒမီဆုနဲ့ ပရိသတ်တွေပေးတဲ့ Focus Online ဆုနဲ့ ဘာတွေ ကွာခြားသွားမလဲဆိုတာကို မေးကြည့်တော့“အကယ်ဒမီ ဆုဆိုတာက နိုင်ငံတော်ကချီးမြှင့်တဲ့ ထူးချွန်ဆုပေါ့။ အခုဒီဆု က ပရိသတ် တွေကပေး တဲ့ဆု၊ ဒီဆုက ပရိသတ်တွေရဲ့ အားပေးမှုကို မြင်ရ တဲ့ဆုပါ။ အနုပညာ ရှင်တစ်ယောက်ကို ဒီပရိသတ်တွေက ဘယ်လောက် ချစ်ကြလဲဆို တာကို မြင်ရတဲ့ အတွက် အင်အားဖြစ်စေတဲ့ ဆုတစ်ဆုပါ” လို့ ပြောပါတယ်။
၂ဝ၁၃နှစ်သစ်မှာ ပရိသတ်ကပေးတဲ့ဆု ရရှိခဲ့တဲ့အတွက် ၂ဝ၁၃ ခုနှစ်က သက်မွန်မြင့်ရဲ့ ကံကောင်းခြင်းတွေ စပြီး ယူဆောင် လာတဲ့ နှစ်လား ဆိုတာကို“အမှန်အတိုင်းပြောရရင် ဒီဆုကို တာဝန်ရှိသူတွေက အကယ်ဒမီပွဲပြီး မှ ပေးမယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုရင် အကယ်ဒမီမှာ သက်မွန်က နံပါတ် တစ်ပေး ခံထားရတယ်ဆိုတော့ အယူလေး တွေရှိခဲ့တယ်။ အဲဒါကြောင့် အကယ်ဒမီပြီး မှပေးတာပါ။ တကယ်တမ်းလည်းကျရော အကယ်ဒမီဆု လည်း မရခဲ့ပါဘူး။ ဒါက အယူဆိုတာမရှိပါဘူး။ ကံကောင်း တဲ့နှစ် ကံမကောင်းတဲ့နှစ်ဆိုတာက ကိုယ့်ရဲ့ အလုပ် တစ်ခုပေါ်မှာပဲ မူတည်တယ်။ ကိုယ်ကိုယ်တိုင် ကလည်း ကံကောင်းအောင်ကြိုးစားပြီး လုပ်ကိုင်ရမယ်။ ကိုယ့်ကျင့်သီလ အကုန်လုံးပါပါ တယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုကို ရရှိခဲ့တဲ့ အတွက် တအားအားရှိပါတယ်။ ၂ဝ၁၃မှာ ကံကောင်း လာဖို့ အနုပညာ အလုပ်မှာ ထွေထွေထူးထူး ပြင်ဆင်ဖို့တော့ မရှိပါဘူး။ ဘာလို့လဲဆိုရင် ကိုယ်ကအလုပ်မှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်။ ဘုရား၊တရား လည်းလုပ်သွားမှာပါ”လို့ ပြောပါတယ်။
Popular Myanmar News Journal
No comments:
Post a Comment