Friday, October 26, 2012

မြန်မာသစ်တောထွက်ကုန် ဥရောပတင်ပို့နိုင်ရန် စတင်ဆောင်ရွက်

Photo: “မြန်မာသစ်တောထွက်ကုန် ဥရောပတင်ပို့နိုင်ရန် စတင်ဆောင်ရွက်”
Friday, 26 October 2012 

မြန်မာနိုင်ငံ၏ သစ်တောထုတ်ကုန် ပစ္စည်းများအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လာမည့်နှစ် မေမှစတင်ကာ ဥရောပနိုင်ငံများမှ သစ်တောထက်ကုန်ပစ္စည်း
များ ၀ယ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း တရားဝင်
ထုတ်လုပ်မှု သစ်တောဆိုင်ရာ ထောက်ခံချက်ရှိမှသာ ၀ယ်ယူမည်ဖြစ်
သည်။ မြန်မာသစ်တောထွက်ကုန်များ ၄င်းတို့နိုင်ငံများသို့ တင်ပို့မည်ဆိုပါက လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည့်
ပွဲကို ယနေ့တွင် IBC ခန်းမ၌ ကျင်းပရာ သစ် ထုတ်လုပ်သည့် လုပ်ငန်းရှင်
များ ဥရောပနိုင်ငံများမှ သစ်ကုန်သည်များ၊သစ်တောထောက်ခံချက်ပေးသော
 အဖွဲ့အစည်း၊ သစ်တောဥပဒေအုပ်ချုပ်မှု ကုန်သွယ်မှုနှင့် ပတ်သက်သော အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြသည်။

သစ်လုပ်ငန်းရှင်တစ်ဦးက “အခုတင်ပို့နေတဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ဘာထောက်ခံချက်မှ မလိုပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံမှ သစ်တောထွက်ကုန်ပစ္စည်းများမှာ ဥရောပနိုင်ငံများသို့ ဈေး ကွက်ချဲ့ထွင်ကာ ပြန်ည်တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး သစ်အချော ထည်များကိုပါ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Popular Myanmar News Journal
 
မြန်မာနိုင်ငံ၏ သစ်တောထုတ်ကုန် ပစ္စည်းများအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လာမည့်နှစ် မေမှစတင်ကာ ဥရောပနိုင်ငံများမှ သစ်တောထက်ကုန်ပစ္စည်းများ ၀ယ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း တရားဝင်ထုတ်လုပ်မှု သစ်တောဆိုင်ရာ ထောက်ခံချက်ရှိမှသာ ၀ယ်ယူမည်ဖြစ်သည်။ မြန်မာသစ်တောထွက်ကုန်များ ၄င်းတို့နိုင်ငံများသို့ တင်ပို့မည်ဆိုပါက လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည့်ပွဲကို ယနေ့တွင် IBC ခန်းမ၌ ကျင်းပရာ သစ် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ဥရောပနိုင်ငံများမှ သစ်ကုန်သည်များ၊သစ်တောထောက်ခံချက်ပေးသော
အဖွဲ့အစည်း၊ သစ်တောဥပဒေအုပ်ချုပ်မှု ကုန်သွယ်မှုနှင့် ပတ်သက်သော အဖွဲ့အစည်းများမှ တက်ရောက် ခဲ့ကြသည်။

သစ်လုပ်ငန်းရှင်တစ်ဦးက “အခုတင်ပို့နေတဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ဘာထောက်ခံချက်မှ မလိုပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံမှ သစ်တောထွက်ကုန်ပစ္စည်းများမှာ ဥရောပနိုင်ငံများသို့ ဈေး ကွက်ချဲ့ထွင် ကာ ပြန်ည်တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး သစ်အချော ထည်များကိုပါ တင်ပို့နိုင်ရန်  ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List