ကျွန်တော်တို့နေစဉ် သွားလာနေကြရတဲ့ မြ၀တီ-ကောကရိတ်လမ်း (ဒေါနတောင်လမ်း)ကြီးရဲ့ ကြီးမာတဲ့ သမိုင်းအစဉ်အလာတွေကတော့ ပြောမကုန်ပါဘူး။ ဒါပေမယ့်
လမ်းပြင်မယ်ဆိုပြီး လမ်းကြေးကောက်တဲ့ ကုမ္ပဏီကကောင်းလေးတွေကတော့ အလျှော့မပေး
လမ်းကြေး ကောက်ပြီး အကြွေပြန်မအမ်းတာက အကျင့်ပါနေပါပြီ။
လမ်းကတော့ မြ၀တီကထွက်လာတယ်ဆိုရင်ဘဲ ကုန်သွယ်ရေးဇုံက အကောက်ခွန်တွေရဲ့
လက်ကလွတ် ဖို့ဆိုတာဟာ ဘ၀တိုက်ပွဲတစ်ခု လိုပါဘဲ။ နိုင်ငံတော်က
အခွန်တော်ဘယ်လောက်ရသည်တော့ မသိ။ သူကောက်နေသည့်အခွန်ကတော့ တစ်ရက်အတွက် သိန်းရာချီနေတာကတော့အမှန်ပါဘဲ။ ဒီလိုနဲ့ လကမ္ဘာ လမ်းကိုမောင်းလာရင်
တံတာကျိုးကိုရောက်ပါတယ်။ ဒီမှာလည်း အဖွဲ့ကစုံသားဘဲ။ ပေးရကမ်းရ
လက် မလည်ပါဘူး။ အရင်က ပျောက်သွားတဲ့မူလေးပေါ့။ မှတ်ပုံတင်ရှိရင် ၅၀၀၊
မရှိရင် ၁၀၀၀ ဆိုတာ
လေး ပြန်စနေပြီဗျာ။ ပြီးတော့ ဘန် ကောက်ပြန်ဆိုပြီး
တွေ့တဲ့သူကိုဆွဲချ အထုတ်တွေကို လုံခြုံရေး အကြောင်းပြပြီးရှာတယ်။
တွေ့တာအကုန် အခွန်မလွတ်ဘူး၊ ဘာနဲ့ညိတယ် ဆိုပြီး ငွေဘယ်လောက် ဆိုတာလည်း
ပြန်စနေပြီဗျာ။
ဒီလိုနဲ့ တောင်လမ်းကိုရောက်ရင်တော့
လမ်းကအလွန်ဆိုးဆိုတဲ့အဆင့်ထက်ကျော်နေတော့ ကားသမား
တွေကလည်း သူထက်ငါ အရင်လိုကြတော့ တောလမ်းခရီကြမ်းပြိုင်ပွဲကြီး စတာပါဘဲ။ ဒါပေမယ့် AK
လမ်းတွေရဲ့ကောင်းမှုကြောင့် ရှေ့က ကားတစ်စီးပျက်လိုက်ရင်
နောက်ကကားတန်းကြီးဟာ တမျှော် တခေါ်ပါဘဲ။ ဒီနေရာမှာ ဈေးလိုက်ရောင်းတဲ့
ဈေးသည်တွေအတွက်ကတော့ အဆင်ပြေစေတာပေါ့။
အဆင်းနေ့ဘဲဖြစ်ဖြစ် အတက်နေ့ဖြစ်ဖြစ် ကားတမ်းပိတ်တာကတော့
နေ့စဉ်ကြုံရတဲ့ကိစ္စပါ။ ဒီနေရာ မှာ ပြည်နယ်က လူကြီးလာလို့၊ ၀န်ကြီးလာလို့၊
ဘယ်အဖွဲ့ကဘယ်သူလာလို့ဆိုတဲ့ အရေးကြီး ရှေ့ပြေးကား များကလည်း အဆင်းအတက်မရှိသွားလာနေကြတာမို့ လမ်းပိတ်ရတဲ့အကြောင်းရင်းထဲက တစ်ခုဖြစ် ပြီး
ကြောက်ရတယ်ဆိုတာကတော့ အားလုံးသိပြီး ဖြစ်မှာပါ။
ဘာဘဲဖြစ်ဖြစ် ဒီလမ်းလေးရှိနေသေးလို့ ထိုင်းပစ္စည်း
ပြည်မကသုံးနေရတာပေါ့လေ။ အသက်နဲ့ရင်ပြီး ကားမောင်းလာလိုက်တာ ကော့
ကရိတ်အ၀င်ဂိတ်မှာတော့ လုံခြုံရေးအရထပ်ပြီး စစ်ဆေးလိုက်ပါတယ်။
ခရီးသည်တွေလည်း မှတ်ပုံတင်မပါလို့ ၁၀၀၀ နဲ့ ပါတဲ့သူကျတော့ တော့
ဘန်ကောက်ပြန်လို့ စွဲချက် တင်လိုက်ရင် ၃၀၀၀ လောက်ထွက်သွားမှဘဲ
ကောကရိတ်မြို့ထဲကို ၀င်လို့ရပါတော့တယ်ဗျာ။
No comments:
Post a Comment