၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အောက်တိုဘာလ ၂၃ ရက်ည ၇
နာရီကျော်လောက်ကစပြီး အပြန် အလှန် မီးရှို့မှုတွေ ဖြစ်ပွားခဲ့ရာမှာ
အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက် ၈ နာရီလောက်မှာလည်း ထပ်မံ
ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်မှာ အခြေအနေကပိုဆိုးပြီး
အစ္စလမ်ဘာသာဝင်တွေရဲ့ ဗလီနှစ်လုံး မီးရှို့ ခံရတယ်လို့လည်း ပြောကြပါတယ်။
ဗလီမီးရှို့မှုဖြစ်စဉ်မှာ နှစ်ဖက်တင်းမာလာတာကြောင့် စစ်တပ်က ပစ်ခတ်ပြီးဖြိုခွဲရာမှာ သေဆုံးသူ ၃ ဦးလောက်ရှိပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်အထိ
ရှိတယ်လို့ ပြောကြ ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ကနေ စက်လှေတွေနဲ့
ထွက်ပြေးကြရပြီး ကျောက်
ဖြူပင်လယ်ဝမှာ စက်လှေတွေပေါ်မှာ နေထိုင်နေသူတွေ
ရာဂဏန်းအထိရှိတယ်လို့ အာအက်ဖ်အေ က မေးမြန်းခွင့်ရတဲ့ ရိုဟင်ဂျာတစ်ဦးက
ပြောပါတယ်။
မြောက်ဦးမြို့မှာလည်း အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်က ပရိန်နဲ့
ပရိန်ကုန်းကျေးရွာမှာ နှစ် ဖက် တင်းမာမှု ဖြစ်ပြီး စစ်တပ်က
ဝင်ရောက်ဖြေရှင်းခဲ့ရတယ်လို့သိရပါတယ်။ အဲဒီ နယ်မြေတွေအတွင်းမှာ အစိုးရက
လုံခြုံရေးအင်အား လုံလောက်အောင် မဖြည့်ဆီးပေးနိုင်တာကြောင့်
နှစ်ဖက်တင်းမာမှုတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးလို့
ရခိုင်အမျိုးသာားများ တိုးတက်ရေးပါတီ RNDP မြောက်ဦးမြို့နယ် ဥက္ကဌ
ဦးအေးမောင်သန်းက အာအက်ဖ်အေကို ပြောပါတယ်။ ဒါ့အပြင် မြောက်ဦးမြို့နယ်ထဲမှာ
လူ ၅ ယောက် ထက် ပိုမစုရ အမိန့်ထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက
ရပ်ကွက်တွေအတွင်းမှာ လိုက်လံသတိပေးနေတယ်လို့ လည်း သိရပါတယ်။
ကျောက်ဖြူ ၊ မြောက်ဦးနဲ့ တခြားနေရာတွေက အခြေအနေတွေကို
ထိမ်းသိန်းနိုင်အောင် လုံခြုံရေး အင်အား တိုးချဲ့ချထားဖို့
နိုင်ငံတော်သမ္မတကြီးက ညွှန်ကြားထားပြီဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ပြောပါတယ်။
ကျောက်ဖြူ ပိုက်ဆိပ်ရပ်ကွက်ကနေ ထွက်ပြေးကြပြီး ပင်လယ်ဝမှာ စက်လှေတွေပေါ်
နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ရာဂဏန်းအထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီအထဲက
တစ်ယောက်ကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင်က မေးမြန်းထားပါတယ်။
No comments:
Post a Comment