Sunday, October 21, 2012

နိုင်ငံတော်သမ္မတအကြံပေးနှင့်ဒီမိုကရေစီမိတ်ဆွေပါတီများ တွေ့ဆုံပွဲ


၂၀၁၂ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ် ချင်းတွင်းလမ်း မှ နိုင်ငံတော်သမ္မတအကြံပေးရုံး၌ သမ္မတအကြံပေး ဦးကိုကိုလှိုင် နှင့် ဒေါက်တာနေဇင်လတ်တို့သည် ဒီမိုကရေစီမိတ်ဆွေပါတီ(၁၁)ခုတို့နှင့်တွေ့ဆုံကာ ပြည်သူများ၏အခက်အခဲများကို မေးမြန်းခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ငြိမ်းချမ်းရေးကိစ္စများ ၊ လယ်ယာမြေပြသာနာများ ၊ ကျောင်းပညာရေးကိစ္စများနှင့်ဒေသဆိုင်ရာအခက်အခဲပြသနာများကို နိုင်ငံတော်သမ္မတအကြံပေး နှစ်ဦးထံသို့ တင်ပြခဲ့ပြီးနောက် ဒေါက်တာနေဇင်လတ်မှ နိုင်ငံတော်သမ္မတထံသို့ တင်ပြပေးမည်ဖြစ်ကြောင်း နှင့် သမ္မတမှ ပြန်လည်ဖြေကြားချက်ကိုလည်း ဒီမိုကရေစီမိတ်ဆွေပါတီများ ထံသို့ ပြန်လည်အကြောင်းကြား မည်ဖြစ်ကြောင်းကို တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒေါက်တာနေဇင်လတ်မှ မီဒီယာများကို ပြောပြခဲ့သည်။
နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်နှင့် ဒေါက်တာနေဇင်လတ်တို့ဖြင့် လာရောက်တွေ့ဆုံသော ဒီမိုကရေစီမိတ်ဆွေပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစု ၊ ဒီမိုကရက်တစ်ပါတီ ၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ ၊ ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီ ၊ ချင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ နှင့် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ အပါအ၀င် ပါတီ(၁၁)ခုမှ တက်ရောက်ကြပြီး နေ့လည် ၁၂နာရီခွဲဝန်းကျင်တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့သည်။
dsc08826
dsc08836
dsc08834
dsc08847
dsc08819

No comments:

Post a Comment

My Blog List