Thursday, October 25, 2012

ကွန်ယက်များစုပေါင်း၍ ပြည်သူ့ဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်

 
မန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများမိသားစုအကျိုးဆောင်ကွန်ယက်၊မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်
ကျောင်းသားများကွန်ယက်၊ စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်၊ မိတ္ထီလာမြို့ပြည်သူ့အကျိုး
ဆောင် ကွန်ယက်နှင့်  ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် လက် ပတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သတ်သော ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်ကြေငြာချက်

ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေသော ပြည်သူ့လုံခြုံရေးကို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနေ သော မြန်မာနိုင်ငံရဲဝန်ထမ်းများသည် ပြည်သူ့လုံခြုံရေးဝန်ထမ်းများသာ ဖြစ်သည်။ တိုင်းပြည်၏ကာကွယ်ရေးသည် တပ်မတော်ဖြစ်ပြီး နိုင်ငံသားများ၏ ဘဝလုံခြုံမှုကို ကာကွယ်နေသော အဖွဲ့မှာ ပြည်သူ့ရဲဝန်ထမ်းများ ဖြစ်သည်။ ပြည်သူ့ရဲဝန်ထမ်းများသည် တစ်ဦးတစ်ယောက်၊ လူမျိုးတစ်စု အတွက် ဘယ်သောအခါမှ မကြည့်သော ပြည်သူကို ကျောမခိုင်းသော ပြည်သူ့ဝန်ထမ်းများဖြစ်သည်။
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်တောင်းတောင်တောင်ခြေ တွင် မြေသိမ်း တိုက်ပွဲဆင်နွှဲနေမှုကို တားဆီးဖြိုခွဲရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် မြန်မာဝမ်ဘိုမိုင်းနင်း
ကော်ပါးလီမီတက်တို့မှ ပြည်သူ့ရဲဝန်ထမ်းများကို ကုမ္ပဏီအတွက်လုံခြုံရေးချထားသည်။
ပြည်သူ့ရဲဝန်ထမ်း များက ဘယ်သောအခါမှ ပြည်သူကို သစ္စာမဖောက် ကျောမခိုင်းကြောင်း ပြည်သူ့ဘက်တော်သား များ သာဖြစ်သည်ကို ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့မှ သတင်းထောက်များကို ဖွင့်ချပြောပြခဲ့သည်။
ထိုရဲဝန်ထမ်းနှစ်ဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေါ်ယူစစ်ဆေးနေပြီး သတင်းထောက်ရဲရင့်ကိုလည်း လိုက်လံစုံစမ်းဖမ်းဆီးရန် ကြိုးစားနေသည်။ ယင်းအပြင် ၎င်းသတင်းသမားကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေသည်ဟု ဆိုသောသတင်းမှာလည်း ပြည်သူများကြားထဲတွင် ပျံနှံနေသည်။ ယင်းလုပ်ရပ်များ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိကြောင်း ပေါ်လွင်နေ
သည်။ပြည်သူလူထုတစ်ရက်လုံးသည် စစ်မှန်သောဒီမိုကရေစီမရရှိသေးသလို ပြည်သူ့ဝန်ထမ်းများမှာလည်း ယနေ့ကာလအထိ အထက်အမိန့်ဆိုသော စကားလုံးအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်နေ ရပါသည်။ ပြည်သူကိုကာကွယ်ပေးနေသော ပြည်သူ့ဘက်က ရပ်တည်ပေးနေသော ပြည်သူ့ရဲဝန်ထမ်း များကို ပြည်သူကသာ ပြန်လည်ကာကွယ်ပေးရမည်ဖြစ်သည်။
ပြည်သူ့ရဲဝန်ထမ်းများကို ဦးပိုင်လီမီတက်မှဝန်ထမ်းများက ကိုယ်ပိုင်နံပါတ်မေးပြီး ရာထူးဖြုတ်လိုက်ရမ လား…ပါးပိတ်ရိုက်ပစ်လိုက်ရမလားသွားဆိတ်မောင်းစမ်း၊ နွားမောင်းစမ်း၊လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်းအားစောင့်ကြပ်နေသော စစ်သားများကလည်း ပြည်သူ့ရဲ ဝန်ထမ်းများကို ပစ်သတ်လိုက်ရမလား … သေသွားချင်လားဟု အမျိုးမျိုးခြိမ်းခြောက်လျှက်ရှိပြီး ဝမ်ပေါင်ကုမ္ပဏီ တရုတ်များမှလည်း မြန်မာ နိုင်ငံသား ပြည်သူ့ရဲဝန်ထမ်းများကို ရိုင်းပျစွာဆက်ဆံလျက်ရှိသည်။ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်း နှစ်ဦးက သူတို့သည် ဦးပိုင်ရဲများမဟုတ် တရုတ်ရဲများလည်းမဟုတ် ပြည်သူ့ ရဲများသာဖြစ်ကြောင်း မိမိတို့ သည် ပြည်သူ့ရဲဝန်ထမ်း၊ ပြည်သူကကျွေးသော ထမင်းစားပြီး ပြည်သူကို သစ္စာဖောက်သော ရဲများ မဟုတ် ပြည်သူများရဲ့ လယ်ယာမြေတွေအသိမ်းခံရတာ စိတ်မကောင်းကြောင်း ကိုယ်ချင်းစာကြောင်း ကို ပြည်သူတစ်ရပ်လုံးကို ပြောထားသည်။ စစ်ကျောရေးလုပ်ခံနေရသော ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးကို စစ်ကျောနေစဉ် သေလုမျောပါး ဖြစ်နေ ရပြီး ဒုတပ်ကြပ်အောင်ဝင်းထွန်းသည် အစာအိမ်ရောဂါဝေဒနာကို  အပြင်းအထန်ခံစားနေရသည်။
ယခုအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအတွင်းမှာသာ ဖမ်းချုပ်ထားလျက်ရှိပြီး နှိပ်စက်ညှဉ်း ပန်းမှုများ ရှိနေသည်။ ပြည်သူ့ရဲ ဝန်ထမ်း ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့နှစ်ဦး  မိသားစုများနှင့် အေးချမ်းစွာပြန်လည်နေခွင့်ရရေးနှင့် ပြန်လည် လွတ်မြောက်ရေးကို ပြည်သူလူထု တစ်ရပ်လုံး က ပါဝင်ကူညီပေးပါရန် ကျွန်ုပ်တို့ကွန်ယက်များက တိုက်တွန်းလိုက်ပါသည်။
စစ်ဆေး ထိန်းသိမ်းခံထားရသော ပြည်သူ့ရဲဝန်ထမ်း နှစ်ဦးသည် မိမိတို့၏ဖွင့်ဟပြောကြားထားခဲ့ခြင်း အပေါ် ကျေနပ်မိကြောင်း ဖြစ်ပေါ်လာ မည့်အကျိုးဆက်များကို ကျေကျေနပ်နပ်ခံယူသွားမည်ဟု ယနေ့ ကြားသိရသည့်အတွက် ပြည်သူ့ဘက်ကရပ်တည်ပေးနေသော ပြည်သူ့ရဲ ဝန်ထမ်းနှစ်ဦး၏ ပြည်သူ့ အပေါ် ထားသော စိတ်စေတနာကောင်းများကို လေးစားလျှက်ရှိပါသည်။ ပြည်သူ့ဘက်မှရပ်တည်ပေးသော ပြည် သူ့ရဲဝန်ထမ်းဖြစ်သော ကိုအောင်ကြည်စိန်နှင့် ကိုအောင်ဝင်းထွန်းတို့နှစ်ဦးကို ပြည်သူ့ရဲဝန်ထမ်း သူရဲကောင်းဂုဏ်ရည်ဆုနှင့် ထိုက်တန် ကြောင်း ကျွန်ုပ်တို့ကွန်ယက်များက အဆိုပြုပါသည်။
ရဲအုပ် အောင်ကြည်စိန်ကို ယနေ့တွင် ကချင်ပြည်နယ်သို့ပြောင်းရွှေ့မည်ဖြစ်ပြီး ဒုတပ်ကြပ် အောင်ဝင်းထွန်း ကို မနက်ဖြန်တွင် ချင်းပြည်သို့ ပြောင်းရွှေ့မည်ဖြစ်ပြီး မိသားစုများနှင့်လည်း တွေ့ဆုံခွင့် လုံးဝမရသေးပါ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သတ်၍ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီိတို့ ၏ ပြည်သူ့ရဲဝန်ထမ်းများအပေါ် ဖိအားပေးခိုင်းစေခဲ့ခြင်းနှင့်ပတ်သတ်ပြီး ဖော်ထုတ်ပြောဆို ခဲ့သည့် ပြည်သူ့ ရဲဝန်ထမ်းနှစ်ဦးအား နည်းအမျိုးမျိုးဖြင့် တဖက်သတ်အပြစ်ပေးအရေးယူခြင်းသည် အလွန်ဆိုးရွားသော လုပ်ရပ်များဖြစ်သည်။ ပြည်သူလူထု ဘက်မှရပ်တည်ပေးနေသည့် ရဲဝန်းထမ်းနှစ်ဦးဖြစ်သော ရဲအုပ် အောင်ကြည်စိန်၏ မိခင်မှာ နှလုံးရောဂါဖြင့် အိပ်ရာထဲလဲနေပြီး ညီ ဖြစ်သူ မှာ ခြေထောက်ကျိုး ၍ ဆေးကုသနေရကာ ဒုတပ်ကြပ် အောင်ဝင်းထွန်း၏မိခင်မှာ ဦးနှောက်သွေးကြောပေါက် ပြီး ဆေးရုံမှ ဆင်းကာစ အချိန်ဖြစ်နေသည်။ ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးကို ယခုကဲ့သို့ နေရာပြောင်းရွှေ့ခြင်း အကြောင်း အရင်းကို မသိရှိရသေးပါ။
ထိုကဲ့သို့ ဒုက္ခအခက်အခဲများ ကြုံတွေ့နေရသော ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းနှစ်ဦးကို ယခုကဲ့သို့  တရားဝင်မဟုတ်ဘဲ ပြောင်းရွှေ့ ခြင်းများမှာ လုံးဝမဖြစ်သင့်သောလုပ်ရပ်များသာဖြစ်သောကြောင့် အစိုးရ အာဏာပိုင်များကို ကျွန်ုပ်တို့ကွန်ယက်အသီးသီးမှ အပြင်းအထန် ရှုံ့ချလိုက်သည်။တရားမျှတမှုကို လိုလားသော အစိုးရတစ်ရပ်အနေဖြင့် ပြည်သူ့ရဲဝန်ထမ်းနှစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်များဖြစ်သော စီးပွားရေးကုမ္ပဏီတို့၏ လက်နက်ကိုင် နိုင်ငံဝန်ထမ်းများအားဖိနှိပ်နေမှု၊ ပြည်သူလူထုကြီးနှင့် ရန်တိုက်
သွေးခွဲမှု စသည့်အချက်များကို စုံစမ်းဖော်ထုတ် အရေးမယူဘဲ ချန်လှပ်ထားခဲ့မည် ဆိုလျှင် ပြည်သူလူထု
ကြီး၏ လေးစားထောက်ခံမှုကို အစိုးရအနေဖြင့် လက်လွှတ်ရလိမ့် မည် ဖြစ်သည်။ ပြည်သူ့ရဲ ဝန်ထမ်းနှစ်ဦး၏ထုတ်ဖော်ခဲ့မှုများကို စုံစမ်းဖော်ထုတ်မှုမပြုလုပ်ဘဲ၊ ဖော်ထုတ်ခဲ့သည့် ရဲဝန်ထမ်း နှစ်ဦး ကိုသာ တစ်ဖက်သတ်အရေးယူခြင်းကို အမြန်ဆုံးရပ်ဆိုင်း၍ တရားမျှတသောရလဒ်များပေါ်ပေါက်လာစေ ရန် မိမိတို့အနေဖြင့် သတိပေး တောင်းဆိုလိုက် ပါသည်။

No comments:

Post a Comment

My Blog List