Sunday, October 21, 2012

မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်းဘော်လုံးပွဲကို လူထုထံ ငွေကောက်ပြီး ကျင်းပ

ယခုလ ၁၅ ရက်မှ စတင်ကျင်းပသည့် ချင်းပြည်နယ် မတူပီမြို့နယ် အုပ်ချုပ်ရေးမှူးဒိုင်း ဘော်လုံးပွဲ ကို ဒေသခံ ပြည်သူတွေ ထံမှ ငွေကောက်ပြီး ကျင်းပကြောင်းသိရသည်။

ဘော်လုံးပွဲတွင် စန်ဘောင်၊ ခိုဘွေ၊ လောင်ဗန်း၊ လေမြို၊ ပညာရေး၊ ဌာနပေါင်းစုံ၊ ဖနိုင်၊ ငလိုင် အသင်း စုစုပေါင်း ၈ သင်းမှ ဘော်လုံးသမား ၁၈ ဦး စီ ပါဝင်စေပြီး ယှဉ်ပြိုင်ကစားနေကြသည်။
“ ဘော်လုံးသမားတွေစားစရိတ်အတွက် လိုအပ်တဲ့ ကျပ်ငွေ ၆ သောင်းနဲ့ ၀တ်စုံအတွက် လိုအပ်တဲ့ ကျပ်ငွေ ၈ သောင်း အတွက်ဆိုပြီး  အသင်းဝင်ကြေးကို တသင်း ကျပ်ငွေ နှစ်သောင်း စီ ကောက်ခံ တာပါ” ဟု ဒေသခံတဦးက ပြောသည်။
ပွဲဖြစ်မြောက်ရေးအတွက် ကော်မီတီဝင်များအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ရိဆွန်းခိုင်၊ ကြံ့ဖွံ့ပါတီမှ ဥိး ပိုင်တွမ်း၊ မြို့နယ်အားကစားမှူးများဖြင့် ဖွဲ့စည်းပြီး ပွဲလုံခြုံရေးအတွက် မီးသတ်ဌာနမှ ဦးစီးပြီး တရပ်ကွက် လျှင် အရံမီးသတ် တပ် ဖွဲ့ဝင် နှစ်ဦးစီစေလွှတ်ပြီး တာဝန်ယူကြသည်ဟု သိရသည်။
အစိုးရ ထောက်ပံ့ခြင်းမရှိပဲ ယခုကဲ့သို့ ပြည်သူထံ ငွေကောက်ပြီး ဘော်လုံးပွဲကျင်းပခြင်း အပေါ် ဒေသခံ
ပြည်သူ များ မကျေ နပ်ကြကြောင်းပြောကြသည်။
“ ကျတော်တို့ငလား ရပ်ကွက်အသင်းကတော့ ၀င်ငွေမထည့်နိုင်လို့ မပါဝင်တော့ဘူးဗျ” ဟု ရပ်ကွက်သား တဦးက ပြော သည်။
ဘော်လုံးပွဲကို ယခု ၁၅ ရက်နေ့မှ စတင်ကျင်းပပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖိုင်နယ်ပွဲကို ကစားကြ မည်ဖြစ် သည်ဟု သိရသည်။

No comments:

Post a Comment

My Blog List