Monday, May 14, 2012

တနိုင်းမြို့တွင် KIA တို့ရဲ့ဘိန်း တွေကိုဖမ်းမိ



          ရဲတပ်ဖွဲ့ဝင်များသည် တနိုင်းမြို့ဝင်ဂိတ်တွင် ၁၂ ရက်နေ့မနက်၈နာရီခွဲလောက်တုန်းက တနိုင်းမှ မြစ်ကြီးနားသို့သွားမယ့် မှန်လုံယာဉ်တစ်စီးအားစစ်ဆေးရာ ဒေါ်ဂျာရော် နဲ့ ဒေါ်အင်ခါဂျာဘူ တို့အား စစ်ဆေးရာ ၎င်းတို့အိတ် အတွင်းမှ အ၀တ်ဘိန်းများအားတွေ့ရှိရသဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ ၉နာရီလောက်မှာတနိုင်းဘက်မှမြစ်ကြီးနားသို့သွားမည့် မှန်လုံယာဉ်တစ်စီးအားထပ်မံ စစ်ဆေးရာ   ဒေါ်ဘချီဇုံးဆမ်းတွင်အ၀တ်ဘိန်းများကိုတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ပါတယ်။ ၉နာရီခွဲလောက် မှာလဲတနိုင်းဘက်မှမြစ်ကြီးနားဘက်သို့သွားတဲ့ ဆိုင်ကယ်တစ်စီးအားစစ်ဆေးရာ ဆိုင်ကယ် ကာဘာတွင် ကပ်ပြီးထည့်ထားတဲ့  အ၀တ်ဘိန်းပါရှိသည့်အတွက် ဆိုင်ကယ်မောင်းနှင် လာသူ ဦးမရစ်ခါးလီအား ဖမ်းဆီးခဲ့တယ်။
          ဘိန်းသယ်ဆောင်လာတဲ့၎ဦးကို ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးရာတွင် ၄င်းဘိန်းများကို KIA မှသယ်ခိုင်းတယ်သူတို့ကလည်းလိုလိုချင်ချင်နဲ့သယ်ပေးတာလို့ပြောပါတယ်။ တောင်ယာလုပ်လို့လဲ မရ၊ စီးပွားရေးလုပ်ငန်းများလဲလုပ်လို့မရ ဖြစ်လာတဲ့အတွက် သူတို့ခိုင်းစေတဲ့အတိုင်း လုပ်ခဲ့ ရတာပါ။   တောထဲမှာက သူ့ပစ္စည်းတွေကိုသယ်ပေးတဲ့အတွက်ဘာမှမဖြစ်ပါဘူး။ သူတို့က သယ်ဆောင်သွားပေး ကိစ္စအားလုံးကို တာဝန်ယူပေးမယ်လို့ပြောပေမယ့် ရဲတပ်ဖွဲ့ကတော့ဖမ်း တာပေါ့။ တခြားစီးပွားရေး လုပ်တော့လဲ လူသစ်စုတာနဲ့ အတင်းဓမ္မ အခွန်တွေကောက်နေတာနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူး။
ကိုယ့်စားဝတ်နေရေးအတွက်မကျန်ဘူး ဒါကြောင့် သူတို့သယ်ခိုင်းတဲ့ ဘိန်းကိုသယ်တော့ နည်းနည်းအဆင်ပြေ တယ်လို့  ဖမ်းမိတဲ့သူတွေကပြော ပါတယ်။ အဲဒါတွေကို တရုတ်နယ်စပ်ကနေသယ်လာပြီး   မြစ်ကြီးနား မှာပြန်လည်ဖြန့်ဖြူးဖို့လို့သိရ ပါတယ်။ ဒါကြောင့်သူတို့တွေရဲ့ဆောင်ချက် ကတော်တော်လေးကို ရက်စက် ရာရောက် ပါတယ်။ ကချင်လူမျိုးတွေကိုမျိုးတုံးအောင်လုပ်နေတာပါ။ အဲဒီကပိုက်ဆံတွေကိုတော့ သူတို့အတွက်ပေး   ပျော်ရွင်ဖို့နဲ့  ပြည်သူတွေကိုဒုက္ခပေးဖို့ကားလမ်းတွေရထားလမ်းတွေမိုင်းထောင်ဖို့ ပစ္စည်းတွေဝယ် နေတာကြောင့် သူတို့ရပ်လုပ်ရတွေက တော်တော်လေးကိုစက်ဆုပ်စရာကောင်းတယ်လို့ တနိုင်းမြို့ ကလူတစ်ဦးကပြောပါတယ်။

No comments:

Post a Comment

My Blog List