Thursday, May 17, 2012

ရေခဲစိမ်ကျား ဘန်ကောက်မှာ ဖမ်းမိ



Photo: The Nation - www.nationmultimedia.com

မနေ့ကဘန်ကောက်မြို့ဆင်ခြေဖုံးကအိမ်တလုံးကိုဝင်စီးရာမှာ ရေခဲစိမ်ထားတဲ့ကျား၃ ကောင်၊သစ်နက်၁ ကောင်၊ တောကြောင်၁ ကောင်တို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တွေ့တယ်လို့အာဏာပိုင်များက ပြောဆိုကြောင်းအခုလေးတင်တက်လာတဲ့TheNationအွန်လိုင်းသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းတယောက် ဗီယက်နမ်တယောက်ကို ထိန်းသိမ်းလိုက်တယ် လို့ ရဲအဖွဲ့က ဆိုပါတယ်။

"ကနဦး စစ်ကြောချက်တွေအရ ဒီတိရစ္ဆာန်တွေကို လာအိုမှာ ရှိတဲ့ ဗီယက်နမ်တယောက်ဆီကို ပို့ဖို့ စီစဉ်ထားတယ်၊ ဒါတွေ နောက်ဆုံး ရောက်မယ့် နေရာကတော့ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတို့ပဲ ဖြစ်တယ် ဆိုတာ သိရပါတယ်" လို့ ရဲအရာရှိတဦးက ရှင်းပါတယ်။

ထိန်းသိမ်းခံထားရသူ ၂ ဦးဟာ တောရိုင်းတိရစ္ဆာန် တရားမ၀င် ပိုင်ဆိုင်မှုနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ တောရိုင်းတိရစ္ဆာန် ကုန်ကူးသူတဦးဆီကနေ ခြင်္သေ့၊ ကျား အပါအ၀င် တိရစ္ဆာန် အရှင် ကောင်ရေ ၂၀၀ ထက်မနည်း ဖမ်းမိခဲ့တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။

သက်ရှိများ နဲ့ သဘာဝ ပတ်ဝန်းကျင် အပြန် အလှန် ဆက်စပ်၊ အကျိုးပြုနေတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးသွားရင် သဘာ၀၀န်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် နိုင်ငံတကာ အစိုးရတွေက တောရိုင်းတိရစ္ဆာန်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်ထား၊ တရားမ၀င် လက်ဝယ်ထားရှိ/အရောင်းအ၀ယ်ပြုလုပ် တာတွေကို အရေးယူနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်း
မြန်မာ့ကျား ထိန်းသိမ်းရေး အိန္ဒိယ ကူညီမည်


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List