Thursday, May 17, 2012

ဟင်္သာတ အာဇာနည်ဗိမာန် ပြန်လည်ပေါ်ပေါက်ရေး


ကျော်ခ
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလအတွင်းကအသက်ဆုံးရှုံးသွားကြရတဲ့မျိုးချစ်တော်လှန်ရေးသမားများတွေနဲ့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုန်းကကျဆုံးသွားခဲ့ရတဲ့အာဇာနည်ခေါင်းဆောင်တွေအတွက်အထိမ်းအမှတ်ပြုတည်ဆောက်ထားတဲ့ဧရာဝတီတိုင်း၊ဟင်္သာတမြို့ကအာဇာနည်ဗိမာန်ကိုစည်ပင်သာယာကပန်းခြံအဖြစ်ပြောင်းလဲထားမှုကိုမူလအတိုင်းပြန်ထားဖို့မြို့ခံတွေကတောင်းဆိုနေကြပါတယ်။

ဒီဗိမာန်ကို ဟင်္သာတ၊ မြောင်းမြ၊ မော်လမြိုင်၊ သထုံ၊ ဖားအံ၊ ပုသိမ်၊ စစ်ကိုင်း၊ ရခိုင်၊ မင်းဘူး၊ ရှမ်းပြည်နယ်၊ မြစ်ကြီးနား၊ တောင်ငူ၊ ပဲခူး၊ မိတ္ထီလာ၊ ရန်ကုန်နင့် သာယာဝတီ တို့က တိုင်းရင်းသား မျိုးချစ်တော်လှန်ရေးသမား ၂၄၅ ဦးကို အထိမ်းအမှတ်ပြုဆောက်လုပ်ခဲ့တာပါ။

သို့သော်လည်း စစ်အာဏာသိမ်းပြီး ၁၉၈၉ ခုနှစ်၊ ဇွန်လမှာ အာဇာနည် ဗိမာန်ကို အာဇာနည်ပန်းခြံလို့ ပြောင်းလဲခဲ့ပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော် ပန်းခြံအဖြစ်နဲ့ ရှိနေခဲ့ရတဲ့ အာဇာနည်ဗိမာန်ကို နောင်လာနောင်သားတွေ သိရှိ ဂုဏ်ယူစေဖို့ အတွက် ဆိုပြီး ဟင်္သာတ မြို့ခံ သံဃာတွေနဲ့ ဒီသမိုင်းကို မီခဲ့သူတွေက ဆန္ဒပြင်းပြနေကြပါတယ်။

ဒီအတွက်လည်း မြို့ခံ စည်ပင်သာယာ ဌာနကို ဒီလ ၃ ရက်နေ့က စာပို့တောင်းဆိုထားပါသေးတယ်။ စည်ပင်ကတော့ အကြောင်းပြန်ကြားခြင်းမရှိသေး ပါဘူး။



No comments:

Post a Comment

My Blog List