Thursday, May 17, 2012

လုပ်ခမရတဲ့ မြန်မာများ ဘန်ကောက်ဘုန်းကြီးကျောင်းမှာ သောင်တင်


ရွှေတွံတေးဆရာတော်က မြန်မာအလုပ်သမား ၁၅ ဦးကို စောင့်ရှောက်ထား

ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား၁၅ဦးသည်အကျိုးဆောင်ကုမ္ပဏီကပို့ပေးလိုက်သောအလုပ်ရုံတွင်လုပ်ကိုင်နေခဲ့ကြသော်လည်းသဘောတူညီထားသည့်လုပ်အားခမရကြသည့်အတွက် ပြောဆိုကြရာမှ ပြဿနာဖြစ်ပြီးအလုပ်ရှင်ကလုပ်ခမရှင်းပေးဘဲအလုပ်ရုံထဲမှချက်ခြင်း မောင်းထုတ်ခဲ့ရာမြန်မာသံရုံးသို့တိုင်ကြားထားစဉ် နေစရာစားစရာခက်ခဲနေသည့်အတွက်(ဘန်ကောက်မြို့အနီးသီတင်းသုံးနေသည့်) ရွှေတွံတေးဆရာတော်အရှင်ဝါယမကစောင့်ရှောက်ထားသည်။
ထပ်မံဖြည့်စွက်ချက် -

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့  Siam Pattern မှန်စက်ရုံမှာ ၁ နေ့ ဘတ် ၂၀၀ နဲ့  ဦးစိုးဝင်း ကုမ္ပဏီက တဆင့် လာလုပ်တာ

လုပ်ခ မပေး၊ ပတ်စပို့ သိမ်းပြီး မတရားလုပ်လို့ ပြဿနာ တက်တာ

၁၄. ၅.၂၀၁၂ နေ့ က သံရုံးတိုင်ပြီး ဆရာတော်ထံ ရောက်လာတာပါ။




ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List