Thursday, May 17, 2012

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

 အာဆီယံပူးပေါင်းအစိုးရလူ့အခွင့်အရေးကော်မရှင်(ASEANIntergovernmentalCommissiononHumanRights,AICHR)က၂၀၁၂ခုနှစ်ဇွန်၃ရက်နေ့မှ၆ရက်နေ့အထိရန်ကုန်မြို့တွင်၎င်း၏၆ကြိမ်မြောက်အစည်းအဝေးကိုကျင်းပမည်ဟုအာဆီယံ၏သတင်းထုတ်ပြန်ချက်အရသိရသည်။အဆိုပါ အစည်းအဝေးတွင် အာဆီယံ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များကဒေသအတွင်း လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက် (ASEAN Human RightsDeclaration, AHRD) မူကြမ်းကို  အပြီးသတ် ဆွေးနွေးဆောင်ရွက်မည်ဟု သိရသည်။၎င်းမူကြမ်းကို အာဆီယံနိုင်ငံ အသီးသီး မှ နိုင်ငံခြားရေးဝန်ကြီးများထံသို့တင်ပြမည်ဖြစ်သည်။

ယင်းအစည်းအဝေးသည် မြန်မာနိုင်ငံတွင် ယခင်အာဏာရှင်အစိုးရလက်ထက်မှစ၍ပထမဆုံးကျင်းပသည့် လူ့အခွင့်အရေး ဆိုင်ရာအစည်းအဝေးဖြစ်သည်။
 
မြတ်လေးငုံ(Blog)

No comments:

Post a Comment

My Blog List