Thursday, May 17, 2012

အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပမည့် ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံသို့တက်ရောက်မည်



မေလ(၂၈)ရက်နေ့မှာဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာကျင်းပမယ့်ILOအပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံကိုမြန်မာအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်ဦးသန့်ဇင်ဦးတက်ရောက်ဖို့သွားရောက်မှာဖြစ်ပါတယ်..ညီလာခံကိုသွားရောက်ရတဲ့အကြောင်းရင်းကတော့မြန်မာအလုပ်သမားတွေရဲ့ကိုယ်စားအလုပ်သမားအခွင့်အရေးတွေကိုတင်ပြတောင်းဆိုသွားမှာဖြစ်ပါတယ်..တင်ပြတောင်းဆိုမယ့်အချက်တွေကတော့အလုပ်သမားအခွင့်အရေး၊လုပ်ခလစာ၊အလုပ်ချိန်၊ခွင့်ရက်ခံစားခွင့်တို့ကို
အစိုးရတာဝန်ရှိသူတွေထံကိုတင်ပြသွားမယ်၊အစိုးရကပြဋ္ဌာန်းထားတဲ့ဥပဒေဟာလက်တွေ့သဘောမဆောင်တဲ့အတွက်အလုပ်သမားအရေးကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေကနေဖြေရှင်းဆောင်ရွက်ပေးဖို့တင်ပြတောင်းဆိုသွားမယ်၊ထို့အတူပဲခေတ်နဲ့ညီတဲ့အလုပ်သမားအနိမ့်ဆုံးလစာသတ်မှတ်ပေးတဲ့ဥပဒေ၊အလုပ်သမားတွေကိုကာကွယ်ပေးတဲ့ဥပဒေ၊အလုပ်သမားတွေရပိုင်ခွင့်ဆုံးရှုံးနေရတဲ့အခြေအနေတွေ၊စတဲ့အချက်တွေကိုတင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးကပြောပါတယ်…

No comments:

Post a Comment

My Blog List