Thursday, May 17, 2012

ဘက်လိုက်မှုရှိတဲ့ "အင်း" လေလံ

အင်းလုပ်ငန်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအာဏာပိုင်တွေကဥပဒေအတိုင်းဆောင်ရွက်မှုမရှိဘဲရင်းနှီးရာအခွင့်အရေးပေးလုပ်ဆောင်မှုတွေရှိနေပါတယ်။၂၂နှစ်ကြာလုပ်ကိုင်လာခဲ့တဲ့ဦးဘောဂရဲ့အင်းလုပ်ငန်းကိုပဲခူးတိုင်းဒေသကြီးတိုင်းငါးလုပ်ငန်းဦးစီးဌာနကဦးဘောကရဲ့မိသားစုဝင်တွေကိုလုပ်ကိုင်ခွင့်မပေးတော့ဘဲ လေလံပစ်ပြီးညီဖြစ်သူဦးရဲဒင်လက်ထဲ ရောင်းချပေးလိုက်တာကြောင့်ဦးဘောဂရဲ့မိသားစုတွေဘက်ကနစ်နာဆုံးရှုံးမှုတွေရှိနေကြောင်းရပါတယ်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ ပန်းဆွဲလမ်း ဘုရားကြီးရပ်ကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဦးဘောဂ ဦးစီး လုပ်ကိုင်နေတဲ့ ကြုံအိမ်ဘဲဘုအင်းကို တိုင်း ငါးလုပ်ငန်းဦးစီးဌာနက ဆက်လက် လုပ်ကိုင်ခွင့် မပေးတော့ဘဲ မေလ ၁၀ ရက်နေ့က လေလံပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကြီးအောင် ( ဦးဘောဂ၏ သား- အင်းလုပ်ငန်း လုပ်ကိုင်နေသူ )

"ဦးရဲဒင် လုပ်စားနေတဲ့ ပတ်တော်အင်း တအင်း ရှိတယ်။ ကျနော်တို့ လုပ်စားနေတဲ့ ကြုံအိမ်ဘဲဘုအင်း တအင်း ရှိတယ်။ သူတို့အင်းလဲ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားပြီ ကျနော်တို့ကလဲ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားပြီ နိုင်ငံတော်ရဲ့ ဥပဒေ ထုတ်ထားတာမှာ ၆နှစ် ကြေးတိုင်သက်တမ်း ကုန်သွားတဲ့ အင်းတွေမှန်သမျှ လေလံပစ်ရမယ်။ သူ့နံမည်နဲ့ ပတ်တော်အင်းကို တိုက်ရိုက် ချပေးလိုက်တယ်။ အခု ၂၀၁၂ ခုနှစ် လာမယ့်မိုးကို လုပ်စားပိုင်ခွင့်ပေါ့ ၊ ကျနော်တို့ အင်းကိုကျတော့ လေလံထဲကို ထည့်လိုက်တယ်။ အမှန်မှာဆို တန်းတူအခွင့်အရေး ကိုပေးရမယ်။ ဒီဦးရဲဒင် ဆိုတဲ့လူက တိုင်းဒေသကြီးအစိုးရ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန က သူတို့အချင်းချင်း အပေးအယူ ဆက်စပ်ရှိတယ် ဆိုတာ ပေါ်လွင်တာပေါ့။ သူက အဲလို အဆက်အစပ်ရှိတယ် ဆိုတာကလဲ ကြံ့ခိုင်ရေး အောင်နိုင်ရေး စည်းရုံးရေးမှူးပေါ့"

အင်းလုပ်ငန်းရှင် ဦးဘောဂဟာ သာယာဝတီမြို့နယ်မှာတော့ နံမည်ကြီး အင်းလုပ်ငန်းရှင် တဦးပါ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ၂၂ အကြာ အင်း ၇ အင်းကို ဦးစီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအင်း ၇ အင်းထဲက ကြုံအိမ်ဘဲဘုအင်းကို ဦးဘောဂ အမည်ပေါက်နဲ့ လုပ်ကိုင်ခဲ့ပြီး ကျန်တဲ့ ၆အင်းတွေကိုတော့ အမည်ခံတွေနဲ့ လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။ ဦးဘောဂ ကွယ်လွန်ပြီးနောက်ပိုင်း ဇနီးဖြစ်သူ ဒေါ်အေးစန်းနဲ့ သားရန်ကြီးအောင်တို့က အင်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ခဲ့ကြပါတယ်။

ဦးဘောဂ ကွယ်လွန်ပြီး ၂ နှစ်အကြာမှာတော့ အမည်ခံ ထည့်ထားတဲ့ လူတွေဆီက အင်း ၆ အင်းကို ဦးရဲဒင်က မတရား စည်းရုံး သိမ်းယူခဲ့ပြီး အဓိက အင်းကြီး ဖြစ်တဲ့ ဦးဘောဂရဲ့ ကြုံအိမ်ဘဲဘုအင်းကိုလဲ ဆက်လက် သိမ်းယူနိုင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ကြုံအိမ်ဘဲဘုအင်းဟာ အင်း ၇ အင်းထဲမှာ အကြီးဆုံး အင်းဖြစ်ပြီး ကျန်တဲ့အင်း ၆ အင်းကို မှီခို အားထား နေရတဲ့ အင်းလဲ ဖြစ်ပါတယ်။ ကြုံအိမ်ဘဲဘုအင်းထဲကို ငါးတွေမ၀င်နိုင်အောင် ဦးရဲဒင်က ဆည်တိုင်တွေနဲ့ ဖြတ်ပိတ်ထားကြောင်း သိရပါတယ်။

မေသင်္ကြန်ဦး
"ဒီလိုဖြတ်ပိတ်လိုက်တာပေါ့။ ဒီဘက်ကို မဆင်းအောင်လို့ ရေကျသွားတဲ့အခါ ငါးမဆင်းအောင် ဖြတ်ပိတ်တဲ့ သဘောပေါ့။ ရေ နည်းနည်း များများ တော်သလင်း ၊ သီတင်းကျွတ်လဆန်း ဆိုရင် ဖြတ်ပိတ်လိုက်တာပဲ"

ဦးဘောဂဟာ အင်း ၇ အင်းအတွက် နှစ်စဉ် အခွန်အဖြစ် အင်းတအင်းကို သိန်း ၂၀ ကျော်ပေးရတဲ့ အပြင် အခြား ပေးဆောင်ခဲ့ရတာတွေလည်း ရှိပါတယ်လို့ မမေင်္ကြန်ဦးက ရှင်းပြပါတယ်။

မေသင်္ကြန်ဦး
"အရင်းအနှီးက တစ်နှစ်ထဲနဲ့မကျေဘူး။ သူတို့ဆီက သုံးနှစ်ဝယ်ပြီးတော့ လုပ်ရတယ်။ ညီမတို့က တစ်နှစ်ကို ဒီအင်းကို ဝယ်မယ်ဆိုရင် နိုင်ငံတော်ငွေ မပါ တစ်နှစ်ကို ၄၅ သိန်းပေးရပါတယ်။ အဲ့ ၄၅သိန်းက နားလည်မှု ကြေးပေါ့နော်.။ တရားမဝင်ပေးရပါတယ်။ သူတို့ နာမည်ပေါက်ပေါနော့်။ ဗိုလ်ကြီးလှထွန်းရဲ့မိန်မ ဒေါ်ခင်နွဲ့နွဲ့ ကိုပေးရတယ်။ အဲ့ အင်းတွေက ဗိုလ်မှုးရဲ့ မိန်းမပိုင်ပေါ့နော်.။ နိုင်ငံတော်ပိုင် ဆိုပေမယ့် နိုင်ငံတော်က ချပြီးပေး ထားတာကိုး ။ ဗိုလ်ကြီးလှထွန်းရဲ့ မိန်မ ဒေါ်ခင်နွဲ့နွဲ့ကို တစ်နှစ်ကို ၄၅ သိန်းပေးပြီးတော့မှ နိုင်ငံတော်အခွန်ကို ထက်ပြီး သွင်းရတယ်။ နိုင်ငံတော် အခွန်က သိန်း၂၀ကျော် ။ ဒုတိယကြေးတိုင်က ကိုယ့်ကိုပဲ ရောင်းရမှာပေါ့ နော် နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ဟာက လက်ရှိ လုပ်ကိုင်စားနေတဲ့လူတွေပဲ အင်း လုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ မူကိုချထားတဲ့ ကိုယ့်က အဲ့ဒီမူကိုပဲ လက်ကိုင်ထားပြီးတော့ ကိုယ့်ရဲ့နာမည်ပေါက်နဲ့ ပြန်ချပေးဖို့ပါ"

ဦးဘောဂရဲ့ ညီဖြစ်သူ ဦးရဲဒင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးမှူး တဦးလည်း ဖြစ်တာကြောင့် အရှိန်အ၀ါကို အသုံးပြုပြီး အကိုဖြစ်သူ ဦးဘောဂရဲ့ အင်းတွေကို တဆင့်ပြီးတဆင့် သိမ်းယူဖို့ ကြိုးစား ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ မြို့နယ် ငါးလုပ်ငန်းဦးစီဌာန ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန နဲ့ တိုင်း ငါးလုပ်ငန်း ဦးစီဌာန တို့နဲ့ ရင်းနှီးနေသူဖြစ်ကြောင်း သိရပါတယ်။

ဦးရဲဒင် ပိုင်တဲ့ ပတ်တော်အင်းလုပ်ငန်းအတွင်း အရင်က မကြာခဏ သေနတ်ပစ်ဖောက်သံတွေဖြစ်ပြီး အင်းအတွင်း လူသတ်မှုတွေ ဖြစ်ခဲ့ဖူးကြောင်းသိရပါတယ်။

ဦးသောင်းထွန်း ( ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဗဟိုကော်မတီဝင် တောင်သူလယ်သမားရေးရာ တာဝန်ခံ
"ဒီသေနတ်ပစ်ဖောက်တာက သေနတ်ပစ်ဖောက်တဲ့အနေထားရယ် နောက်ပြီးတော့ လူသတ်မှုဖြစ်တဲ့ အနေထားကို ကြည်ချင်းအားဖြင့် နိုင်ငံတော်မှာ ဥပဒေစိုးမိုးမှုရှိတယ်။ ဒီ ဥပဒေစိုးမိုးရေးအတိုင်းတာ အရ သူတို့ ဆောင်ရွက်ရမယ့် အနေထားမျိုးဖြစ်တယ်။ ဒါကို ဦးက မချဲ့ချင်လို့ မချဲ့တာ။ ချဲ့မယ်ဆိုရင်တော့ ဒီသေနတ်ကိုင် တယ်ဆိုတာက ဒီ စစ်သားတို့ ရဲတို့ ကိုင်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ပစ်ပိုင်ခွင့်မရှိဘူး ။ ပစ်ပိုင်ခွင့်မရှိဘဲ ပစ်လိုတာက သူတို့ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိတယ်။
အဲ့ဒါကို ဘာလို့အရေးမယူသေးတာလဲ ဆို တော့ ဦးတို့က ဒီမတရားမှုကို သူတို့ဘာသူတို့ ဆောင်ရွက်စေချင်ပါတယ်။ ဒီလိုမဆောင်ရွက်လို့ ဟိုးတုန်းက တော့ရှိပါတယ် လူတွေကို မတရားအနိုင်ကျင့်တာတွေ ဗိုလ်ကျတွေ ရှိတယ် သူတို့မှာ ကျင့်နိုင်လောက်တဲ့ အားတွေမွေးပြီးတော့ ကျင့်တာပေါ့နော်. ဒီခေတ်မှာ ဒီလိုဟာမျိုးက မရှိသင့်တော့ဘူးပေါ့နော်။
အဲ့ဒီကိစ္စမျိုးကို ဦးတို့က ပယ်ပယ်နယ်နယ် ပက်ပက်စက်စက် နိုင်ငံရေးသမားအနေနဲ့ တင်ပြလို့ရှိရင် မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ သိက္ခာကျမယ်"

ဦးဘောဂရဲ့ မိသားစုဝင်တွေက မတရား သိမ်းပိုက်ခံထားရတဲ့ အင်းလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး တရားမျှတမှု ရှိဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ အမျိုးသားလွတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးတွေကို လေလံမပစ်ခင်တည်းက စာပို့တိုင်ကြားခဲ့ပေမယ့် ကူညီဖြေရှင်း ပေးခဲ့ခြင်း မရှိတာကြောင့် အမှန်တကယ် အင်းလုပ်ငန်း လုပ်သူတွေဘက်က နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်ခင်ဗျာ။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List