Wednesday, April 25, 2012

NLDပါတီအဖွဲ့ချုပ်ရုံးချုပ်၌ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်ကော့မှူးမြို့နယ်အောင်နိုင်ရေးအဖွဲ့ဝင်များ တွေ့ဆုံ


ယနေ့ဧပြီ၂၅ရက်နေ့မနက်ပိုင်းမှာဗဟန်းမြို့နယ်NLDပါတီအဖွဲ့ချုပ်ရုံးမှာပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်ကော့မှူးမြို့နယ်NLDပါတီအောင်နိုင်ရေးအဖွဲ့ဝင်အင်းအား(၃၀)ဦးဖြင့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။
       ပါတီဥက္ကဌဒေါ်စုကြည်မှပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပါတီအောင်နိုင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကော့မှူးမြို့နယ် NLD ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါကြောင်း၊
ယခုလိုဝိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက်ကြောင့်မိမိတိုပါတီ အောင်မြင်မှုတွေရရှိခဲ့ပါတယ်၊ဒါပေမဲ့လုပ်ငန်းပြီးဆုံးပြီလို ပြောလိုမရသေးကြောင်း၊ ရှေ့ဆက်လက် ဆောင်ရွက်စရာတွေအများကြီးကျန်သေးတယ်၊ ကော့မှူးမြို့နယ်NLDပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲဝင်များအနေဖြင့် ကော့မှူးမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုလက်ရှိကြုံတွေ့နေရတဲ့ဘ၀၊ ပြဿနာအရင်းအမြစ်တွေ၊အခက်အခဲတွေ၊အလုပ်လက်မဲ့ဦးရေ၊ခိုကိုးရာမဲ့ဘိုးဘွားများဦးရေ၊ ကျောင်းနေအရွယ် ကျောင်းမနေရသည့်ကလေးများအရေအတွက်၊ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအရေအတွက်၊အဓိကဦးစားပေးစာရင်းပြုစုသွားဖို့ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ကော့မှူမြို့နယ်အတွင်းရှိ ပြည်သူလူထုအားပညာရေး၊ကျန်းမာရေး၊လူမှုရေးများအပြင်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်လည်းကူညီဆောင်ရွက်ပေးဖို့ရှိတယ်လို့ပြောပါတယ်၊ ကော့မှူးမြို့နယ်လူငယ်များအနေဖြင့်ကြားဖြတ်ရွေးကောက်ပွဲတွင်မိမိတိုပါတီအောင်မြင်မှုရရှိအောင်ဆန္ဒမဲပေးခဲ့ကြသော ကျေးရွာများသို့သွားရောက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေဝိုင်းဝန်းကူညီ ပေးဖိုပြောခဲ့ပါတယ်လို့သတင်းရရှိပါသည်။

No comments:

Post a Comment

My Blog List