Tuesday, April 24, 2012

NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ


မဟာသင်္ကြန်အကျတ်နေ့တွင်သန်လျှင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များအားတိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ယင်းတို့၏အပေါင်းပါများကိုဖမ်းဆီးရမိပြီဖြစ်ကြောင်းသန်လျှင်မြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
သန်လျှင်မြို့နယ်၊ဗိုလ်ချုပ်ကျေးရွာသို့သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့်သန်လျှင်မြို့နယ်NLDလူငယ်များအားအမျိုးသမီးတစ်ဦးပါဝင်သည့်လူအုပ်စုတစ်စုမှအုတ်ခဲများ၊တုတ်များဖြင့်ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။“သန်လျှင်ကNLDပါတီဝင်ကိုညီညီဦးတိုင်ချက်ဖွင့်လို့ရိုက်နှက်ခဲ့တဲ့သူတွေကိုညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟုယင်းရဲအရာရှိက ပြောကြားသည်။အမည်မသိလူအုပ်၏ရိုက်နှက်မှုကြောင့်NLDလူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်းသန်လျှင်မြို့နယ်NLDလူငယ်တစ်ဦးက ပြောကြားသည်။အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ဖမ်းဆီးထားသူ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင်၃ဦးပါဝင်ကြောင်းသိရသည်။“ဘယ်သူကရိုက်ခိုင်းတယ်။ဘာအတွက်ကြောင့်ရိုက်တယ်ဆိုတာကတော့စစ်မေးနေတုန်းပါပဲ”ဟု၎င်းကဆက်လက်ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံးအနိုင်ရခဲ့သဖြင့်အခြားသောပါတီများ၏ ဝေဖန်မှုများကိုကြုံတွေ့နေရသည်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List