Tuesday, April 24, 2012

ဂျပန်နိုင်ငံ သတင်းထောက်များကို သမ္မတဦးသိန်းစိန် ကဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ၀င်ရောက်လာတာကို ကြိုဆိုပါတယ်ဟု ပြောကြား

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ကိုဝင်ရောက်လာတာကိုကြိုဆိုပါတယ်လွှတ်တော်ကိုတက်ဘို့ကိစ္စကတော့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အဆုံးအဖြတ်ပေးရမှာဖြစ်တယ်လို့ဂျပန်နိုင်ငံသတင်းထောက်များကိုသမ္မတဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်။
သတင်းထောက်တဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီနည်းလမ်း တကျ ပြုပြင် ပြောင်းလဲ မူတွေ ချမှတ်ပြုလုပ်နေတာ ကို နောက်ကြောင်းပြန် မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် နဲ့ ရည်မှန်းချက် တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက် မှာဖြစ်ကြောင်း လဲ ပြောသွားပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာအပြောင်းအလဲများလုပ်ပေးမပေး မေးမြန်းရာမှာတော့ဒီကိစ္စကို ပြည်သူကသာအဆုံးအဖြတ်ပေးပါလိမ့်မယ်ပြည်သူ့ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မူသာအဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။


မြတ်လေးငုံ(Blog)





 

No comments:

Post a Comment

My Blog List