Wednesday, April 25, 2012

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ


ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ မြစ်ကြီးနားမြို့ ဆေးရုံလမ်းထောင့်

ပေါက်ကွဲမှုဖြစ်ပြီး မိနစ်အတန်ကြာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေကြစဉ်
ယနေ့နံနက် မြစ်ကြီးနားမြို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတနာရီကျော်အကြာ မြင်တွေ့ရပုံ
ယနေ့နံနက်၇နာရီခွဲက မြစ်ကြီးနားမြို့ ဆေးရုံထောင့်ယာဉ်ထိန်းရဲကင်းအနီးဗုံးတလုံးပေါက်ကွဲရာအနည်းဆုံး၃ဦးဒဏ်ရာရပြီးယင်းတို့အနက်ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသူတဦးပါဝင်ကြောင်းမျက်မြင်သက်သေများကပြောသည်။
မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။

ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။

ယခုလ ၁၄ ရက်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ အထွက် ရထားလမ်းအနီး ဗုံးတလုံးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ 
 
သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List