Monday, April 23, 2012

ဒလမြို့နယ်အတွင်း သောက်သုံးရေရှားပါနေသောရပ်ကွက်များသို့ ၈၈မျိုးဆက်ကျောင်းသားများမှ သောက်ရေသန့်သွားရောက်လှူဒါန်းခြင်း



၂၀၁၂ခုနှစ်ဧပြီလ၂၂ရက်နေ့က၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ကိုကိုကြီး(ခ)သိန်းသန်းထွန်းနဲ့အဖွဲ့ဝင်အင်အား၁၅ဦးခန့်ဟာဒလမြို့နယ်၊ခနောင်ချောင်းဝ၊ခနောင်နောင်ရိုး၊ခနောင်တော်လတီးကျေးရွာများတွင်သောက်သုံးရေရှားပါးနေတဲ့အတွက်ရွှေစက်လှေ(၂)စီးနဲ့ရေသန့်ဂါလံ၄၈၀ကိုတင်ဆောင်ပြီးသွားရောက်လှူဒန်းခဲ့တယ်လို့ သိရှိရပါတယ်…..

ကိုကိုကြီးနဲ့အဖွဲ့ဟာသောက်သုံးရေများလှူဒန်းပေးပြီးနေ့လည်၁နာရ်ီမှ၃နာရီခွဲအထိဒလမြို့နယ်၊ခနောင်ချောင်းကျေးရွာမှာမြို့နယ်NLDပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်၊အခမ်းအနားကိုNLDပါတီဝင်အင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီးအခမ်းအနားမှာခနောင်ချောင်းဝကျေးရွာသူတစ်ဦးမှ မိမိတို့ကျေးရွာမှာသောက်သုံးရေရှားပါနေမှုကိုလက်ရှိအာဏာပိုင်များမှလာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း၊မိမိတို့ကျေးရွာမှကျောင်းသား/သူများအနေနဲ့အဋ္ဌမတန်းအောင်ပြီးပါကအထက်တန်းဆက်တက်ရန်အခက်အခဲများရှိကြောင်းနဲ့မိမိတို့ကျေးရွာကနေဒလမြို့သို့သွားရာမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနေကြောင်းတို့ကိုတင်ပြခဲ့တယ်လို့သိရပါတယ်၊ထို့နောက်၈၈မျိုးဆက်သစ်ကျောင်းသားဟောင်းကိုကိုကြီး(ခ)သိန်းသန်းထွန်းမှယခုတင်ပြတဲ့အချက်အလက်တွေကိုသက်ဆိုင်ရာသို့တင်ပြပေးသွားမှာဖြစ်ပြီးလယ်သမားများရဲ့ရေမရရှိတဲ့ပြဿနာကိုလည်းအဆိုပြုသွားမှာဖြစ်ကြောင်း၊ပြည်သူလူထုများအနေနဲ့လည်းနိုင်ငံရေးလောကမှာပြန်လည်ပါဝင်ရန်လိုအပ်ကြောင်း၊ လယ်သမားဥပဒေကိစ္စများကိုလည်းပြင်ဆင်ရန်အတွက်တင်ပြပေးသွားမှာဖြစ်ကြောင်းစသည်ဖြင့်ဆွေးနွေးပြောကြားခဲ့တယ်လို့ဒေသခံတစ်ဦးထံမှသတင်းရရှိပါတယ်..

No comments:

Post a Comment

My Blog List