Wednesday, April 25, 2012

၈၈မျိုးဆက်ကျောင်းသားများအား သင်္ဃန်းကျွန်းဈေးသူ/သားများ လာရောက်တွေ့ဆုံ


ယနေ့၂၀၁၂ခုနှစ်ဧပြီလ၄ရက်နေ့နေ့လည်မှာသင်္ဃန်းကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းမှာရှိတဲ့၈၈မျိုးဆက်ကျောင်းသားများရုံခန်းကို၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဂျင်မီတို့ကို
သင်္ဃန်းကျွန်းမြို့နယ်ဈေးသူ/ဈေးသားများဖြစ်တဲ့ဦးကျင်သိန်းအပါအ၀င်(၁၅)ယောက်ခန့်လာရောက်တွေ့ဆုံခဲ့ပြီးသင်္ဃန်းကျွန်းဈေးနေရာချထားမှုကိုသင်္ဃန်းကျွန်းဈေးသာယာရေးအဖွဲ့နှင့်ဈေးများဌာနတို့ကတစ်ဖက်သတ်ဆန္ဒမဲခံယူပြီးသူတို့နေရာချထားမှုအတိုင်းပြန်လည်တည်ဆောက်နေလို့ယခင်(၁၀)ပေခန်းရရှိတဲ့ဆိုင်ခန်းပိုင်ရှင်များအတွက်နစ်နာမှုရှိလားတာကိုလာရောက်တင်ပြပြီးဘယ်လိုကူညီဆောင်ရွက်ပေးမလဲလို့လာရောက်မေးမြန်းခဲ့ကြောင်းသိရပါတယ်။၈၈မျိုးဆက်ခေါင်းဆောင်ကိုကိုကြီးမှအဆိုပါကိစ္စကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပေးသွားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ကအရေးယူဆောင်ရွက်ပေးခြင်းမရှိရင် နိုင်ငံတော်အစိုးရနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုအဆင့်ဆင့်ထပ်မံတင်ပြသွားမယ်၊နောက်ဆုံးအစိုးရကအရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ရင်ဥပဒေပညာရှင်များနှင့်တိုင်ပင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြရန်နှင့်လိုအပ်သည်များကို၈၈မျိုးဆက်ကျောင်းသားများကကူညီဆောင်ရွက်ပေးသွာမယ်လို့ ပြောခဲ့ပါတယ်...

No comments:

Post a Comment

My Blog List