Tuesday, April 24, 2012

၈၈ မျိုးဆက်ကျောင်းသားများ ဘန်ကီမွန်းထံ အစီရင်ခံစာတစ်စောင် တင်သွင်းမည်


ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊နတ်မောက်လမ်းမှာဖွင့်လှစ်ထားတဲ့ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံး(UNDP)မှတစ်ဆင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းထံကိုအစီရင်ခံစာတစ်စောင်အား
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၊ကိုကိုကြီးအပါအ၀င်၈၈မျိုးဆက်ကျောင်းသားများမှပေးပို့ရန်စီစဉ်ထားတယ်လို့သိရပါတယ်..အစီရင်ခံစာမှာနိုင်ငံရေးအကျဉ်းသားများကိစ္စ၊ကချင်ပြည်နယ်တိုက်ပွဲများကိစ္စနဲ့စစ်ပြေးဒုက္ခသည်များကိစ္စ၊တရားဥပဒေစိုးမိုးရေးမရှိမှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံသည့်၈၈ကျောင်းသားများ၏သဘောထားနှင့်ပြည်တွင်းသုံးသပ်ချက်တွေကိုထည့်သွင်းရေးသားပေးပို့သွားမှာဖြစ်တယ်လို့၈၈မျိုးဆက်သစ်ကျောင်းသားတစ်ဦးကပြောဆိုခဲ့ပါတယ်..မစ္စတာဘန်ကီမွန်းဟာမြန်မာနိုင်ငံကိုမေလအတွင်းမှာလာရောက်ဖို့ရှိပါတယ်..“ကျနော်ဒီနေ့သမ္မတဦးသိန်းစိန်ဆီကနေဖိတ်ခေါ်တာကိုလက်ခံလိုက်ပါတယ်။ဒီအပတ်ကုန်မှာသွားပါမယ်” လို့သတင်းထောက်တွေကိုပြောဆိုသွားခဲ့တယ်လို့သိရပါတယ်..

No comments:

Post a Comment

My Blog List