မြန်မာသမ္မတဦးသိန်းစိန်ကတနင်္ဂနွေနေ့ကြားဖြတ်ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDကအပြတ်အသတ်နဲ့အနိုင်ရရှိသွားတဲ့အပေါ်ကြိုဆိုထောက်ခံကြောင်းပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဖနွမ်ပင်မှာကျင်းပနေတဲ့အရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့သမ္မတဦးသိန်းစိန်ကအာဆီယံခေါင်းဆောင်တွေနဲ့သီးခြားဆွေးနွေးမှုအတွင်းအခုလိုပြောကြားလိုက်တာဖြစ်ပြီး၊ရွေးကောက်ပွဲတွေကိုအောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့လည်းသူကပြောကြားသွား ခဲ့ပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေကခေါင်းဆောင်တွေဟာမြန်မာနိုင်ငံအပေါ်အနောက်နိုင်ငံတွေကချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကိုပြန်လည်ရုပ်သိမ်းပေးဖို့တောင်းဆိုခဲ့ကြတယ်လို့သတင်းတွေလည်းရရှိပါတယ်။ကျန်ရှိနေသေးတဲ့မဲရလဒ်တွေကိုရွေးကောက်ပွဲကော်မရှင်ကအပြီးသတ်ကြေညာသွားခဲ့အပြီးမှာတော့ကြားဖြတ်ရွေးကောက်ပွဲအတွက်မဲဆန္ဒနယ်၄၅နေရာမှာNLDက၄၃နေရာ၊ကျားဖြူပါတီက၁နေရာနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးကတနေရာအသီးသီးနိုင်ရရှိသွားကြပြီဖြစ်ပါတယ်။
No comments:
Post a Comment