Tuesday, April 03, 2012
ဝင်ရောက် ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ နေရာတွင် ၄၃ နေရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနိုင်ရ
၂၀၁၂ဧပြီ၂ရက်နေ့ဆက်သွယ်မေးမြန်းချက်များအရကြားဖြတ်ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်တဲ့မဲဆန္ဒနယ်၄၄နယ်စလုံးတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများကအနိုင်ရရှိသွားကြောင်းသိရပါတယ်။
ရွေးကောက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတဦးက“ဟုတ်တယ်အစ်ကို။နိုင်တယ်လေ။မဲစာရင်းအတိအကျဒီနေ့မနက်ထပ်တက်တာကတော့မကွေး၊ရေစကြို၊မင်းကင်း၊နွားထိုးကြီးတို့အဲဒါတွေထပ်တက်တယ်။သူတို့လည်းအပြတ်အသတ်နိုင်တယ်။ညတုန်းကထပ်ရတဲ့သတင်းတွေအရတော့အကုန်လုံးနိုင်တယ်။ကော်မရှင်ကလက်မှတ်ထိုးပြီးအတည်ပြုတာကတော့အပြည့်အစုံမရသေးဘူး။ကျွန်တော်တို့ကိုယ်စားလှယ်တွေပြောတာကတော့နိုင်ပြီ“လို့အတည်ပြုပြောကြားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအားလုံးရွေးကောက်ပွဲမှာအနိုင်ရသော်လည်းအချို့မဲဆန္ဒနယ်များတွင်ရွေးကောက်ပွဲကော်မရှင်ကအတည်ပြုဖို့၊ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီးလုပ်ကိုင်ဆောင်ရွက်ဖို့ကျန်ရှိနေသေးကြောင်းသိရပါတယ်။
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ
ရန်ကုန်တိုင်း
၁။ ကော့မှူး - ဒေါ်အောင်ဆန်းစုကြည်
၂။ သုံးခွ - ဒေါ်စုစုလွင်
၃။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) - ဒေါက်တာမျိုးအောင်
၎။ လှည်းကူး - ဦးဖြိုးမင်းသိန်း
၅။ မရမ်းကုန်း - ဒေါက်တာမေ၀င်းမြင့်
၆။ မင်္ဂလာတောင်ညွန့် - ဒေါ်ဖြူဖြူသင်း
မန္တလေးတိုင်း
၇။ မဟာအောင်မြေ - ဦးအုန်းကြိုင်
၈။ မိတ္ထီလာ - ဦးဝင်းထိန်
၉။ တံတားဦး - ဒေါ်ခင်သန္တာ
၁၀။ ပြင်ဦးလွင် - ဦးကျော်သီဟ
၁၁။ နွားထိုးကြီး - ဦးပေါခင်
၁၂။ ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်မောင်
နေပြည်တော်
၁၃။ ဇမ္ဗူသီရိ - ဒေါ်စန္ဒာမင်း
၁၄။ ပုဗ္ဗသီရိ - ဦးဖြိုးဇေယျာသော်
၁၅။ ဒက္ခိဏသီရိ - ဦးနိုင်ငံလင်း
၁၆။ ဥတ္တရသီရိ - ဦးမင်းသူ
မကွေးတိုင်း
၁၇။ တောင်တွင်းကြီး (အမျိုးသားလွှတ်တော်) - ဦးအောင်ကြည်ညွန့်
၁၈။ မကွေး - ဦးမြင့်သိန်း
၁၉။ ပွင့်ဖြူ - ဒေါက်တာအောင်မိုးညို
၂၀။ ရေစကြို - ဒေါက်တာ တင်ဌေးအောင်
၂၁။ မြိုင် - ဦးမြင့်အောင်
၂၂။ ပခုက္ကူ - ဦးပိုက်ကို
ရှမ်းပြည်နယ်
၂၃။ ကလော - ဒေါက်တာဒေါ်သန်းငွေ
ပဲခူးတိုင်း
၂၄။ ထန်းတပင် - ဦးစိန်ထွန်း
၂၅။ လက်ပံတန်း - ဦးကျော်မင်း
၂၆။ တောင်ငူ - ဦးအောင်စိုးမြင့်
၂၇။ က၀ (၂) (တိုင်းလွှတ်တော်) - ဦးမျိုးခိုင်
၂၈။ သနပ်ပင် - ဦးမြင့်ဦး
၂၉။ သနပ်ပင် (အမျိုးသားလွှတ်တော်) - ဦးမင်းဦး
မွန်ပြည်နယ်
၃၀။ မော်လမြိုင် - ဒေါ်ခင်ဌေးကြွယ်
ဧရာဝတီတိုင်း
၃၁။ မအူပင် - ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း
၃၂။ ၀ါးခယ်မ - ဒေါ်မြင့်မြင့်စန်း
၃၃။ ပုသိမ် - ဦးဝင်းမြင့်
၃၄။ မြောင်းမြ - ဦးမန်းဂျော်နီ
၃၅။ မြန်အောင် - ဦးကျော်မြင့်
၃၆။ ဖျာပုံ၊ ဒေးဒရဲ (အမျိုးသားလွှတ်တော်) - ဦးသိမ်းဆွေ
၃၇။ ရေကြည် (၂) (တိုင်းလွှတ်တော်) - ဒေါက်တာလှမြတ်သွေး
စစ်ကိုင်းတိုင်း
၃၈။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် (စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်) - ဒေါက်တာမြင့်နိုင်
၃၉။ ပုလဲ - ဒေါ်ခင်စန်းလှိုင်
၄၀။ စစ်ကိုင်း - ဦးခင်မောင်သိန်း
၄၁။ မင်းကင်း - ဒေါ်ခင်မွှေးလွင်
ဧရာဝတီတိုင်း
၄၂။ ကျွန်းစု - ဒေါ်တင်တင်ရီ
၄၃။ လောင်းလုံ - ဦးအောင်စိုး
မှ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment