Thursday, April 05, 2012

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အာဆီယံနိုင်ငံများ ကြိုးပမ်း



တောင်တရုတ်ပင်လယ်အတွင်းတရုတ်နှင့်အငြင်းပွားမှုများသက်သာရာရစေရန်အတွက်ကျင့်ထုံးများသတ်မှတ်ရန်အာဆီယံအစည်းအဝေးတွင်အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများကဆွေးနွေးခဲ့ကြသည်။

ပင်လယ်ရေပိုင်နက်အငြင်းပွားမှုများလျော့ကျရန်အတွက်မျှော်လင့်ထားကြောင်းနှင့်ယခုနှစ်ကုန်တွင်ရေပိုင်နက်ဆိုင်ရာကျင့်ထုံးများကိုတရုတ်နှင့်လက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ကြောင်းအာဆီယံအစည်းအဝေး၌နိုင်ငံခြားရေးဝန်ကြီးများကမျှော်လင့်ထားကြသည်။
''တရုတ်နဲ့မဆွေးနွေးခင်မှာရေပိုင်နက်ဆိုင်ရာကျင့်ထုံးမူကြမ်းတစ်ခုကိုပြင်ဆင်ထားဖို့ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။အမြင်တွေကလည်းအမျိုးမျိုးပဲရှိနေပါတယ်''ဟုဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။အာဆီယံအနေဖြင့်ပိုင်နက်ဆိုင်ရာကျင့်ထုံးများကိုပေကျင်းနှင့်မဆွေးနွေးမီတရုတ်၏အမြင်ကိုလည်းထည့်သွင်းဆွေးနွေးသင့်ကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။
ရေပိုင်နက်ဆိုင်ရာကျင့်ထုံးရေးဆွဲရေးအတွက်လမ်းညွှန်ချက်များချမှတ်ရန်အာဆီယံနှင့်တရုတ်တို့ကပြီးခဲ့သောနှစ်တွင်သဘောတူခဲ့ကြသည်။

No comments:

Post a Comment

My Blog List