Wednesday, April 04, 2012

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံတောင်းဆို


အာဆီယံနိုင်ငံများမှခေါင်းဆောင်များသည်အဖွဲ့၏အဆင်းရဲဆုံးနိုင်ငံများထဲမှတစ်ခုအပါအ၀င်ဖြစ်သောမြန်မာနိုင်ငံအားပိတ်ဆို့အရေးယူမှုများနိုင်ငံတကာအသိုင်းအ၀ိုင်းအားတိုက်တွန်းလိုက်သည်။
ဖနွမ်းပင်မြို့တွင်နှစ်ရက်ကြာကျင်းပခဲ့သည့် နှစ်စဉ်အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးတွင်အဓိကအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအနိုင်ရခဲ့သောသမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍အာဆီယံကအနောက်တိုင်းအား မြန်မာအပေါ်ပိတ်ဆို့မှုများရုပ်သိမ်းရန် တောင်းဆိုသွားမည်ဖြစ်သည်။ မြန်မာအစိုးရသည်ဧပြီ၁ရက်တနင်္ဂနွေနေ့ကကြားဖြတ်ရွေးကောက်ပွဲတွင်အာဆီယံလေ့လာသူများကိုစောင့်ကြည့်ခွင့်ပေးခဲ့ပြီး၊ မြန်မာသမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲများသည် အောင်မြင်မှုရခဲ့ကြောင်းဖနွမ်းပင်တွင်သတင်းထောက်များအားပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကောင်ကင်မ်ဟွန်က“အာဆီယံခေါင်းဆောင်တွေဟာပိတ်ဆို့မှုတွေရုပ်သိမ်းပေးခြင်းကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်အတွက်အပြုသဘောပံ့ပိုးပေးနိုင်မယ်လို့ယုံကြည်နေပါတယ်”ဟု ဆိုသည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးမာတီနတ်တယ်လီဂါဝါကလည်းပိတ်ဆို့မှုများသည်လူသားမဆန်သည့်လုပ်ရပ်ဖြစ်ကာတစ်ခါတစ်ရံတွင်၎င်းတို့ဦးတည်သည့်ပစ်မှတ်များကိုထိခိုက်စေခြင်းမရှိကြောင်း၊ယခုအချိန်သည်ပိတ်ဆို့အရေးယူမှုများရုပ်သိမ်းရမည့်အချိန်ဖြစ်ကြောင်းဆိုသည်။

No comments:

Post a Comment

My Blog List