Friday, April 06, 2012

ကော့မှူးမြို့အောင်နိုင်ရေးအဖွဲ့ဝင်များအားဒီချုပ်ညစာစားပွဲဖြင့်ဂုဏ်ပြု



ဧပြီလ(၅)ရက်နေ့ညနေပိုင်းမှာကော့မှူးမြို့အောင်နိုင်ရေးအဖွဲ့ဝင်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ဒီချုပ်အိမ်မှာပဲညစာစားပွဲပြုလုပ်ခဲ့တယ်လို့ကော့မှူးမြို့အောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဦးမောင်မောင်ကပြောပါတယ်..         
အဲ့လိုတွေ့ဆုံတဲ့နေရာမှာဒီချုပ်အနေနဲ့အောင်နိုင်ရေးအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုနဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကြောင့်ကော့မှူးမြို့နယ်မှာမဲအပြတ်အသတ်နဲ့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ပါတီအနေနဲ့လိုအပ်ချက်တွေရှိနေသေးတဲ့အတွက်ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ပြည်သူလူထုရဲ့အခက်အခဲလိုအပ်ချက်တွေကိုပါတီဝင်တွေကနေတစ်ဆင့်ပြောစေလိုကြောင်းနဲ့အောင်နိုင်ရေးအဖွဲ့ဝင်တွေကိုကျေးဇူးတင်စကားတွေပြောကြားခဲ့တယ်လို့သိရှိရပါတယ်…
အဲ့ဒီနောက်မှာတော့အောင်နိုင်ရေးအဖွဲ့ဝင်တွေနဲ့အတူညစာစားရင်းပါတီရဲ့လုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်…

No comments:

Post a Comment

My Blog List