Tuesday, April 03, 2012

ဘဂ်ဂါဝန် မဟာဗီးရ် ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်


အိန္ဒိယနိုင်ငံပူးနေးမြို့အခြေစိုက်ဆာရ်ဟတ်လူမှုရေးအဖွဲ့ကနေအန်အယ်လ်ဒီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို၂၀၁၁ခုနှစ်အတွက်ဘဂ်ဂါဝန်မဟာဗီးရ်ကမ္ဘာ့ငြိမ်းချမ်းရေးဆုပေးအပ်ဖို့ဒီကနေ့မှာရွေးချယ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ကျိုးစွန့်ပြီးအကြမ်းမဖက်လမ်းစဉ်နဲ့ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးတွေဖော်ဆောင်ခဲ့တာကြောင့်ဒီဆုကိုပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဆုတံဆိပ်နဲ့ဆုကြေးငွေအိန္ဒိယနိုင်ငံရူပီးငွေဆယ့်တသိန်း(၁၁သိန်း)ကိုလာမယ့်ဂျူလိုင်လမှာပေးအပ်မှာဖြစ်တာကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာယူနိုင်အောင်ဖိတ်ကြားမယ်လို့ပြောပါတယ်။

ဘဂ်ဂါဝန်မဟာဗီးရ်ကမ္ဘာ့ငြိမ်းချမ်းရေးဆုဟာအရှေ့တောင်အာရှနိုင်ငံတွေကဒေသတွင်းနှင့်နိုင်ငံတကာအဆင့်ငြိမ်းချမ်းရေးအတွက်အကြမ်းမဖက်ကိုယ်ကျိုးစွန့်လှုပ်ရှားသူတွေနဲ့ဒေသတွင်းတိုးတက်မှုအတွက်လုပ်ဆောင်သူတွေကိုနှစ်နှစ်တကြိမ်ရွေးချယ်ပေးအပ်တာဖြစ်ပြီးဒီဆုဟာပထမဆုံးဆုဖြစ်တယ်လို့သိရပါတယ်။

No comments:

Post a Comment

My Blog List