အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလာမယ့်ဧပြီလ(၁၁)ရက်နေ့မှာNLDပါတီနာယကအဖွဲ့ဝင်များ၊NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ဗဟန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ
အစည်းအဝေးတစ်ရပ်ပြုလုပ်သွားမယ်လို့ဦးဉာဏ်ဝင်းကပြောကြားခဲ့ပါတယ်.. အစည်းအဝေးမှာတော့ပါတီနာယကဦးတင်ဦးနဲ့ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ကNLDပါတီရဲ့ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းမှာဖြစ်ပြီးကြားဖြတ်ရွေးကောက်ပွဲမှာအရွေးချယ်ခံခဲ့တဲ့ကိုယ်စားလှယ်လောင်းတွေဆက်လက်ဆောင်ရွက်သွားရမယ့်လုပ်ငန်းစဉ်တွေမှာကိုယ်ကျိုးစီးပွားအပေါ်အခြေခံပြီးတော့ရပ်တည်ခြင်းမရှိတဲ့ပြည်သူလူထုအကျိုးစီးပွားကိုသာအကာအကွယ်ပေးရပ်တည်သွားရေး၊လွှတ်တော်အစည်းအဝေးခေါ်ယူတဲ့အခါမိမိတို့အဆိုတင်သွင်းမယ့်အဓိကအကြောင်းအရာတွေထဲကဒီမိုကရေစီဆန့်ကျင်ရာရောက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အချက်တွေကိုပယ်ဖျက်သွားပြီးတော့လွှတ်တော်မှာတက်ရောက်နေတဲ့အခြားသောကိုယ်စားလှယ်တွေကိုပါလွှတ်တော်အတွင်း/အပြင်တွေမှာလည်းစည်းရုံးသွားနိုင်ရေးများကိုပါဆွေးနွေးပြောကြားသွားဖို့ရှိတယ်လို့ဦးဉာဏ်ဝင်းကပြောဆိုခဲ့ပါတယ်…
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment