Thursday, April 19, 2012

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဆုံးဖြတ်ရန် ရက်ထပ်မံ ရွှေ့ ဆိုင်း

ဧပြီ၂၃ရက်နေ့တွင် ပြန်လည်စတင်မည့်လွှတ်တော်အစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်မည်၊မတက် ရောက်မည်ကိုဧပြီလ၁၉ရက်နေ့တွင်ဆုံးဖြတ်ချက်ချမှတ်မည်ဟုသတင်းထုတ်ပြန်ထားပြီး ဖြစ်သော်လည်းထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်းNLD ပြောခွင့်ရပုဂ္ဂိုလ်ဦးအုံးကြိုင်က ပြောကြားသည်။


လွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရမည့်စာပုဒ်နှင့်ပတ်သက်၍ ပြင်ဆင်ပေးရန်NLDကသမ္မတရုံးသို့အကြံပြုလွှာ ပေးပို့ထားပြီးNLDပါတီ၏ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူဦးဥာဏ်ဝင်းသည်ယင်းကိစ္စ ဆောင်ရွက်ရန် နေပြည်တော်သို့သွားရောက်နေကြောင်း၊ဦးဥာဏ်ဝင်း ပြန်လာပြီးမှသာယင်းကိစ္စကို ဆုံးဖြတ်နိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။

သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List