Thursday, April 19, 2012

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၂၄) နှစ်အတွင်းပထမဆုံး နိုင်ငံရပ်ခြားခရီးစတင်မယ့်အပေါ်အမေရိကန်အစိုးရကကြိုဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လအတွင်း နော်ဝေး နဲ့ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထား ပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာမသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Toner က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း
ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း
ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကိုဦးဆုံးသွားရောက်ဖွယ်ရှိတယ်လို့
လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲဆုကို
ဒေါ်အောင်ဆန်းစုကြည် ဟာ ကိုယ်တိုင် လာရောက်လက်ခံယူမှာ
ဖြစ်တယ်လို့ နော်ဝေးနိုင်ငံကပြောပါတယ်။

အလားတူ အမေရိကန် လွှတ်တော်အမတ်တွေကလည်း အမြင့်ဆုံး အရပ်သားဆု ဖြစ်တဲ့ ကွန်ဂရက် ရဲ့ရွှေတံဆိပ် ဆု လက်ခံဖို့
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးဌာန အကြီးအကဲ မစ္စတာမိုက်ကယ် မွန်တက်စာနို က အခုလို ပြည်ပခရီးစဉ် အစီအစဉ်ဟာ
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပြန်လာခွင့်ပြုလိမ့်မယ် ဆိုတာ ယုံကြည် စိတ်ချရပြီလို့ အထင်အရှားပြသလိုက်တာပါ၊ မြန်မာနိုင်ငံရဲ့
နောက်ထပ် တိုးတက် ပြောင်းလဲမှုတစ်ရပ် လည်း ဖြစ်ပါတယ် လို့ပြောဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်
ကိုလည်း လာမယ့် မေလမှာ အမေရိကန်ပြည်ထောင်စု ကို လာရောက် လည်ပတ် ဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဦးဝဏ္ဏမောင်လွင် ဟာ ကုလသမဂ္ဂ ကို လာရောက်ခဲ့ပေမဲ့ အခုလို အမေရိကန်အစိုးရက ဖိတ်ကြားတာဟာ ပထမဆုံးဖြစ်ပါတယ်။


သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List