Thursday, April 19, 2012

မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများအမည် အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်


မင်းကိုနိုင်နှင့်၈၈မျိုးဆက်ကျောင်းသားများ၏အမည်များကိုအသုံးပြု၍ငွေကျပ်ကိုးသိန်းလိမ်လည်မှုတစ်ခုတောင်ငူတွင်ဖြစ်ပွားခဲ့ကြောင်း၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ထံမှသိရသည်။
အဆိုပါ နည်းလမ်းဖြင့် တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လိမ်လည်ခဲ့ကြောင်းသိရသည်။

ဆရာတော်၏ တိုင်တန်းချက်ကြောင့် လိမ်လည်သူငါးဦးကို တောင်ငူရဲစခန်းတွင် ဖမ်းဆီးရမိပြီဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရသည်။ ယင်းလိမ်လည်သူတို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။


သစ်ထူးလွင်(Blog)

No comments:

Post a Comment

My Blog List