ယနေ့ ၁၃၇၄ ခုနှစ်၊မြန်မာ နှစ်ဆန်းတစ်ရက် (၁၇.၄.၂၀၁၂)နေ့ နံနက်(၁၀)နာရီတွင် ပျော်ဘွယ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် နှစ်ဦးဆွမ်းကပ်လှူခြင်းနှင့် အန္တရယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ကျင်းပခဲ့ရာ ဆရာတော်၊သံဃာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဆရာတော်များထံမှ ပရိတ်တရားတော်များ ညီညွတ်ရေး သြ၀ါဒများ နာကြားပြီးနောက် ပါတီဝင်များ နှင့် ဧည်သည်များသည် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နေ့ လည် (၂)နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။
Myanmar News Now


No comments:
Post a Comment