Thursday, April 19, 2012

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည်


ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလွှတ်တော်ကိုယ်စားလှယ်များဧပြီ၂၃ရက်နေ့တွင်ပြန်လည်စတင်မည့်လွှတ်တော်အစည်းအဝေးများသို့တက်ရောက် မည်၊မတက် ရောက်မည်ကိုမနက်ဖြန်တွင်ဆုံးဖြတ်ချက်ချမှတ်မည် ဖြစ်ကြောင်းNLD၏မန္တလေးတိုင်းမဟာ အောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်ကTheVoiceWeeklyသို့ ပြောကြားသည်။
"ဧပြီ(၁၉)ရက်နေ့ မနက် ၉ နာရီကနေ ၁၀ နာရီအထိ လွှတ်တော် ကိုယ်စားလှယ် တွေကို NLD ရုံးချုပ်မှာ အစည်း အဝေး ခေါ်ထားတယ်။ အဲဒီတော့မှ ဆုံးဖြတ် ချက်ချမှာ"ဟု ဦးအုန်းကြိုင်က ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်း က တယ်လီဖုန်းမှ တစ်ဆင့် ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရမည့် စာပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် NLD က သမ္မတရုံးသို့ အကြံပြုလွှာပေးပို့ထားပြီး ယင်းပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဧပြီလ ၂၃ ရက် တွင် စတင်ကျင်းပမည့် လွှတ်တော် အသီးသီးသို့ တက်ရောက်ရေးမှာ မသေချာမှု များရှိနေချိန်တွင် ၄င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

လွှတ်တော် တက်ရောက်ရမည့် ကိုယ်စား လှယ်လောင်းများကို အကြောင်း ကြားထားကြောင်း ပြည်သူ့ လွှတ်တော်ရုံးအဖွဲ့ ၏ ညွှန်ကြား ရေးမှူး တစ်ဦးက ဧပြီလ ၁၀ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား ထားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။

 The Voice Weekly

No comments:

Post a Comment

My Blog List