Thursday, April 19, 2012

အရှင်ဂမ္ဘီရ လူထွက်ပြီ


အရှင်ဂမ္ဘီရဟာလောကီရေးရာအလုပ်တွေဖြစ်တဲ့နိုင်ငံရေးလုပ်ငန်းတွေကိုဇောက်ချဆက်လက်လုပ်ဆောင်လိုတာကြောင့်ဘုန်းကြီးဝတ်နဲ့နိုင်ငံရေးလုပ်ငန်းတွေကိုမလုပ်ချင်တော့တာနဲ့လူထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်..ဧပြီလ(၁၇)ရက်နေ့မှာတော့အရှင်ဂမ္ဘီရဟာပေါက်မြို့၊အောင်တံခွန်ရပ်ကွက်မှာရှိတဲ့လေသာတောင်ကျောင်းတိုက်မှာသီတင်းသုံးနေတဲ့ကျောင်းထိုင်ဆရာတော်ဦးသောပိတထံမှာလူဝတ်လဲလိုကြောင်း၊
ယခုလိုရဟန်းဝတ်နဲ့လောကီရေးရာလုပ်ငန်းတွေဆောင်ရွက်ရာမှာဝိနည်းသိက္ခာတော်မညီမည်ကိုစိုးရိမ်ကြောင်း၊ပြည်သူအများကလည်းကဲ့ရဲ့စရာတွေဖြစ်လာနိုင်တဲ့အတွက်ရဟန်းဘ၀နဲ့ဆက်လက်နေပါကအပြစ်များစွာသင့်မှာဖြစ်လို့လူဝတ်လဲပေးဖို့လျှောက်ထားခဲ့ရာဆရာတော်ဦးသောပိတကလူဝတ်လဲပေးခဲ့ပြီးဆရာတော်ကလောကီရေးရာကိစ္စများနဲ့ပတ်သက်ပြီးသတိထားဆောင်ရွက်သွားဖို့ဆုံးမသြ၀ါဒစကားမိန့်ကြားခဲ့တယ်လို့သိရပါတယ်..
နိုင်ငံတော်အစိုးရသစ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာခဲ့တဲ့အရှင်ဂမ္ဘီရဟာလောကီစည်းစိမ်များကိုခံစားလိုတာကြောင့်အခုလိုဆုံးဖြတ်ချက်ချခဲ့ပြီးအခုချိန်မှာတော့လေသာတောင်ကျောင်းတိုက်မှာခေတ္တတည်းခိုနေတယ်လို့သိရပါတယ်…

No comments:

Post a Comment

My Blog List