Thursday, April 19, 2012

၈၈မျိုးဆက်ကျောင်းသားအဖွဲ့များရှမ်းပြည်နယ်မြောက်ပိုင်းသို့ခရီးသွားမည်



တိုက်ကြီးမြို့နယ်၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ကိုသက်ဦးဟာကိုမင်းကိုနိုင်တို့နဲ့ပူးပေါင်းပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့လူမှုရေးလုပ်ငန်းတွေ၊စည်းရုံးရေးလုပ်ငန်းတွေမှာပါဝင်ကူညီဆောင်ရွက်ပေးသွားပြီးနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ပူးပေါင်းပြီး
ကွယ်လွန်သွားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ဓာတ်ပုံမှတ်တမ်းတွေကိုပြုစုပြီးတော့စာအုပ်ထုတ်ဝေရောင်းချသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်…
          ၈၈မျိုးဆက်ကျောင်းသားဟောင်းတွေဖြစ်တဲ့ကိုထွန်းမြင့်အောင်၊ကိုဂျင်မီ၊ကိုမြအေးတို့ဟာဧပြီလ(၂၅)ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကိုခရီးသွားဖို့စီစဉ်ထားတယ်လို့ကိုမြအေးကပြောပါတယ်..ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားရောက်ဖို့စီစဉ်တဲ့ရည်ရွယ်ချက်ကတော့တိုင်းရင်းသားပြည်သူတွေ၊ကျောင်းသားလူငယ်တွေနဲ့နိုင်ငံရေးအင်အားစုတွေအတွင်းမှာ၈၈မျိုးဆက်ကျောင်းသားတွေလုပ်ဆောင်နေတဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုတွေ၊ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာပွင့်လင်းလူ့အဖွဲ့အစည်းဖွဲ့စည်းနိုင်ရေးတွေနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကိုဆွေးနွေးဖို့အတွက်သွားရောက်မှာဖြစ်တယ်လို့သိရပါတယ်…

No comments:

Post a Comment

My Blog List