Thursday, April 19, 2012

ပထမဆုံး ရေအောက်ကမ္ဘာ ဟိုတယ်

အလှတရားနှင့်ပတ်သက်ရင်ရေအောက်ကမ္ဘာရဲ့အလှတရားဟာအလွန်ထူးဆန်းစွာအရောင်အသွေးစုံစွာနဲ့လှပကြောင်းဖတ်ဖူးကြားဖူးခဲ့ပါတယ်။
အခုတော့ ဖီဂျီ (Fiji) ကျွန်းစုနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့ပထမဦးဆုံး ရေအောက် ဟိုတယ်ကို၂၀၀၈ စက်တင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါ တယ်တဲ့။

The Poseidon Undersea Resort ဟိုတယ် ဖြစ်ပါတယ်။
အဆိုပါ ဟော်တယ်ဟာ ရေအောက်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ထဲမှာပါရှိပါတယ်။

တည်းခိုခကတော့ တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၃ သောင်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေအောက်ကမ္ဘာက ထူးဆန်းတဲ့ အလှအပတတွေကို ရှု့စားနိုင်မယ့် ဒီဟော်တယ်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် ဘယ်လာက်မှာ တည်ရှိတယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။ ထူးဆန်းတဲ့ ခံစားမှုကို မက်မောသူများအတွက် အဆိုပါဟော်တယ်က ထူးခြားမှု တချို့ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဟိုတယ်ဝက်ဆိုက် http://www.poseidonresorts.com/poseidon_main.html ကို ၀င်ကြည့်တာတောင် ရေအောက်ရောက်သွားသလို နည်းနည်း ခံစားမိသလို ပါပဲ လို့ ညွှန်းလိုက်ပါတယ်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List