ဒီနေ့မဟာသင်္ကြန်အတက်နေ့မှာထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မဲဆောက်မြို့မှာနောက်ဆုံးနေ့အဖြစ်ကျင်းပတဲ့နှစ်သစ်ကူးပွဲတော်ကိုထိုင်းနဲ့မြန်မာနိုင်ငံသားတွေအတူတကွဆင်နွဲခဲ့ကြပါတယ်။
ရပ်ကွက်အလိုက်အလှပြ ယာဉ်တွေ အဆိုအက အတီးအမှုတ်အဖွဲ့တွေနဲ့ မြို့တွင်း လှည့်လည်တင်ဆက်ခဲ့ကြပါတယ်။
မြို့စတည်ချိန်ကစပြီးရှိခဲ့တဲ့ မဲဆောက်မြန်မာစုအရပ်ကလည်း မြန်မာ့ရိုးရာအဆိုအကအဖွဲ့တွေနဲ့ ပါဝင်တင်ဆက်ခဲ့ကြတာပါ။
မြန်မာ့ရိုးရာသင်္ကြန်အစားအစာတွေဖြစ်တဲ့ မုန့်လုံးရေပေါ်နဲ့သင်္ကြန်ထမင်းတွေ ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။
ရန်ကုန်သင်္ကြန်နဲ့တူတာတခုကတော့ အမေများအဖွဲ့ရဲ့ အက အလှတွေ မဲဆောက်မှာ ရှိနေတာပါပဲ။
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်မှာရှိပြီး မြန်မာနိုင်ငံမြ၀တီမြို့နဲ့နယ်ခြားသောင်းရင်မြစ်ဘဲခြားတဲ့ မဲဆောက် မြို့ကို ဗုဒ္ဓသက္ကရာဇ် ( ၂၄၄၂)ခုနှစ်မှာ စတည်ခဲ့တာပါ။
လက်ရှိမှာ ထိုင်းနိုင်ငံသား ( ၁၈၀၀၀၀) နဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂)သိန်းခန့် အလုပ် လုပ်ကိုင်နေကြတဲ့နယ်စပ်မြို့လည်းဖြစ်တယ်။
အဲဒါအပြင်ကို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့လမ်းကြောလည်းဖြစ်တဲ့အတွက် မြန်မာတွေ အများဆုံး တည်ရှိတဲ့မြို့လည်းဖြစ်တယ်လို့ မဲဆောက်မြို့ရဲ့မြူနီစပါယ်လူကြီးတဦးဖြစ်တဲ့ ထိုင်းနိုင်ငံသားဦးပုက ဧရာဝတီသတင်းဌာနကိုပြော ပါတယ်။
ထိုင်းအစိုးရကမဲဆောက်မြို့နယ်အဖြစ် တရားဝင်သတ်မှတ်ပေးတာ နှစ်ပေါင်း (၁၁၃)နှစ်ရှိပြီးဖြစ်တဲ့ မဲဆောက်မြို့မှာ လက်ရှိမြန်မာဘုန်းတော်ကြီးကျောင်းတိုက် ၅ တိုက်တည်ရှိပါတယ်။
ဧရာဝတီ(Blog)
No comments:
Post a Comment