Friday, March 23, 2012
ကော့မှူးမှ တနိုင်ငံလုံး အလုပ်လက်မဲ့ ပပျောက်ရေး ဒေါ်စု အလေးပေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကကြားဖြတ်ရွေးကောက်ပွဲတွင်၎င်းဝင်ရောက်ယှဉ်ပြိုင်မည့်ရန်ကုန်တိုင်းကော့မှူးမြို့နယ်မှအလုပ်လက်မဲ့အခြေအနေပပျောက်စေရန်အလေးထားလုပ်ဆောင်ပေးမည်ဟုပြောကြားလိုက်သည်။
ကော့မှူးမြို့နယ်ဘုရားလမ်းရပ်ကွက်ဝိဇ္ဖောဒယကျောင်းရှေ့မှကွင်းပြင်တွင်ပြည်သူလူထုလေးသောင်းခန့်ကို၂၅မိနစ်ခန့်ကြာပထမဆုံးမဲဆွယ်စည်းရုံးရေးဟောပြောရာတွင်ဒေါ်အောင်ဆန်းစုကြည်ကယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းNLD၏ကော့မှူးမြို့နယ်အောင်နိုင်ရေးတာဝန်ခံဦးမြင့်သိန်းကပြောသည်။
“ကော့မှူးမြိုနယ်မှာအလုပ်လက်မဲ့များပြီးတော့စီးပွားရေးအခြေအနေတော်တော်ဆိုးနေတာတွေ့ရတယ်။ ကော့မှူးမြို့နယ်ကမဲဆန္ဒရှင်အားလုံးအတွက်ကိုကျမမြို့နယ်ဖြစ်တဲ့အတွက်ကိုမြန်မာပြည်မှာကျမမြို့နယ်ကနေစပြီးအဲဒါတွေကိုပြုပြင်ပေးချင်တယ်။ကျမတာဝန်ကျေအောင်ထမ်းဆောင်ပါ့မယ်။ဒါကြောင့်ကော့မှူးမြို့ကလူထုမဲပေးမှသာလျှင်မြန်မာတပြည်လုံးအတွက်အဲဒီတာဝန်ကိုထမ်းဆောင်နိုင်မှာဖြစ်ပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်၏ပြောစကားအတိုင်းဦးမြင့်သိန်းကမဇ္စျိမကိုပြန်ပြောပြသည်။
ထို့ပြင်ဖေဖေါ်ဝါရီလ၁၅ရက်နေ့ကသွားရောက်ခဲ့သည့်မရမ်းကုန်းမြို့နယ်ပါတီစည်းရုံးရေးဟောပြောပွဲတွင်လည်းအလုပ်လက်မဲ့ပြဿနာဖြေရှင်းရေးအတွက်ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့ဖူးသည်။
“ကျမတို့နိုင်ငံရဲ့အဓိကပြဿနာကြီးကတော့ဆင်းရဲမွဲတေမှုပါပဲ။ဒီပြဿနာနဲ့ပတ်သက်လို့ဘယ်လိုဖြေရှင်းဖို့စဉ်းစားထားသလဲလို့မေးလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကိုကူညီချင်တဲ့အဖွဲ့အစည်းတွေနိုင်ငံတွေနဲ့ဒီကိစ္စတွေကိုကျမတို့ဆွေးနွေးပြီးပါပြီ။ကျမတို့ဘယ်လိုပုံစံနဲ့အကောင်းဆုံးလုပ်မလဲဆိုတာကိုစတင်ပြီးတော့ကျမတို့တတ်နိုင်သလောက်ဆောင်ရွက်နေပါတယ်”ဟုပြောကြားခဲ့ဖူးသည်။
ကြာသပတေးနေ့ကော့မှူးဟောပြောပွဲတွင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဦးတည်ချက်ဖြင့်
ကရင်တိုင်းရင်းသားများနေထိုင်သည့်ကော့မှူးမြို့နယ်မဲဆန္ဒနယ်ကိုရွေးချယ်ထားပြီးလွှတ်တော်ထဲရောက်ရှိပါကကော့မှူးမြို့နယ်ရှိတိုင်းရင်းသားကျေးရွာအသီးသီးသို့အရောက်သွားမည်ဟုပြောခဲ့ကြောင်းသိရသည်။
ယခုခရီးစဉ်မှာ၎င်း၏မဲဆန္ဒနယ်သို့လေးကြိမ်မြောက်သွားရောက်ခြင်းဖြစ်သော်လည်းရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးမှုအနေဖြင့်ပထမဆုံးအကြိမ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကော့မှူးခရီးစဉ်တွင် မြို့ခံဆရာတော် ၁၃ ပါးကို ပင့်ဆောင်ကာ ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ခဲ့သလို တွံ့တေးမြို့နယ် ဘုရားကြီး ကျေးရွာမှ မင်္ဂလာပရဟိတ မိဘမဲ့ကလေးဂေဟာကျောင်းသို့ သွားရောက် ကာ မိဘမဲ့ကလေးငယ် ၄ဝဝ ကျော်တို့အား အားပေးစကားပြောခဲ့သည်ဟု သိရသည်။
ထို့ပြင် ကော့မှူးမြို့နယ် ကျေးရွာပေါင်း ၆၂ ရွာမှ ရပ်ကျေးခေါင်းဆောင်များနှင့် ပါတီအောင်နိုင်ရေးရုံးတွင် တွေ့ဆုံကာ ရွေးကောက်ပွဲဝင်ရခြင်း၏ အကြောင်းအရင်းများ၊ မဲဆွယ်စည်းရုံးရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဦးသိန်းမြင့်က ပြောသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကျေးရွာပေါင်း ၆၂ ရွာ၊ မဲပေးနိုင်သူ ဦးရေ ၈၇,ဝဝဝ ရှိပြီး မဲရုံပေါင်း ၁၂၉ ရုံထားရှိမည် ဖြစ်သည်။
ကြာသပတေးနေ့ နေ့လယ်ပိုင်း စတင်သည့် ခရီးစဉ်တွင် ရန်ကုန်တိုင်း တွံတေးမြို့မှ ကော့မှူးမြို့သို့ အသွားလမ်း တလျှောက် ပြည်သူလူထုက လမ်းဘေးဝဲယာမှ ပျော်ပျော်ရွှင်ရွှင် လာရောက် ကြိုဆိုခဲ့သည်ကို တွေ့ရကြောင်း ခရီးစဉ်တလျှောက် လိုက်ပါခဲ့သူ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။
“တွံတေးကနေ ကော့မှူးတလျှောက် လူတွေက ပြည့်ညပ်နေတော့ ကားက လိမ့်ရုံပဲ သွားရတာ။ ဒီလောက် နေပူကြဲ ထဲမှာတောင် ရွာတိုင်းလိုလို ထွက်လာပြီး လာကြိုပြီး နှုတ်ဆက်ကြတယ် အဖိုးကြီး အဘွားကြီးတွေတောင်မှ ဖိနပ် မပါဘဲ လာနှုတ်ဆက်တာ တွေ့ရတယ်။ လူတွေက ပူအိုက်ပြီး ချွေးတွေ ထွက်နေတာတောင်မှ တကယ်ကို ပျော်ပျော် ရွှင်ရွှင်နဲ့ ကြိုကြတာ တွေ့ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဝါးသင်္ခကျေးရွာမှ ဒေါ်သန်းသန်းလေး မိသားစုတွင် အိမ်ထောင်စု စာရင်းဝင် လိုက်သော်လည်း မဲထည့်ရန် ပုံစံ ၁ဝ ပြုလုပ်ဖို့ လိုအပ်သဖြင့် မဲထည့်နိုင်ရန် ကြိုးစားတော့မည် မဟုတ်ကြောင်း NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်းနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment